တွေ့ရမြင်ရကြားရ သတင်းဆိုးတွေကြောင့် နောက်ဆုံးကျန်ရစ်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့ မေမီကိုကို

Posted on

MRTV-4ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ပျားရည်အိုင်”ရုပ်သံဇာတ်လမ်းတွဲတွေ မြိုင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး မေမီကိုကို နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ မေမီကိုကိုကတော့ ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ကာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုမလျော့သွားအောင် ကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

မေမီကိုကိုကတော့ အိမ်မှာနေရင်း ဝတ္တုလေးတွေရေးလေ့ရှိကြောင်းကို အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မေမီကိုကိုက” Corona ကြောင့်၊ လူမဆန်စွာရက်စက်မှုကြောင့်၊ သတ်ဖြတ်မှုကြောင့်၊ ကျန်ခဲ့ရတော့ ကလေးတွေပဲ”လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာ တွေ့ရမြင်ရကြားရတဲ့ သတင်းတွေကြောင့် နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ကလေးတွေကို ကြည့်ရင်း ဝမ်းနည်းခြင်းကြောင့် တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် မေမီကိုကိုရဲ့ ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း မေမီကိုကိုလိုဘဲ ထပ်တူဝမ်းနည်းမယ်လို့လည်း ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *