ဒေါ်နယ်ထရန့်ရဲ့  Covid-19 မိန့်ခွန်းကြောင့် နိုင်ငံအချင်းချင်း စည်းလုံးမှုမပြိုကွဲကြဖို့  WHO တိုက်တွန်းနေရ

Posted on

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ Covid-19 ကူးစက်မှုနဲ့ ပတ်သတ်လို့ တိုက်ခိုက်ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် နိုင်ငံအချင်းချင်းစည်းလုံးမှုမပြိုကွဲပဲ အတူတကွ ရောဂါပိုးကို တွန်းလှန်ကြဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ ယနေ့ April ၉ ရက်နေ့ဟာ Covid-19 ရောဂါစတင်ဖြစ်ပွားပြီး ရက် ၁၀၀ မြောက်နေ့ဖြစ်ပြီး အမေရိကန်ရဲ့ ဘေဂျင်းအစိုးရအပေါ် စွပ်စွဲပြောဆိုမှုတွေကို WHO အကြီးအကဲ Mr. Tedros ကပြန်လည် ကာကွယ်ပေးခဲ့ပါတယ်။

ဒါ့အပြင် UN ကျန်းမာရေးအဖွဲ့ကိုလည်း ရောဂါပိုးကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်မှုနှောင့်နှေးခဲ့တာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။ ယခု လက်ရှိမှာတော့ UN ကျန်းမာရေးအဖွဲ့ကြီးလည်း ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ အားထုတ်ကြိုးစားနေကြပါပြီ။ April ၇ ရက်နေ့က သမ္မတ ထရန့်ဟာ WHO ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဝေဖန်ခဲ့ပြီး အမေရိကန်ကို ဖိနှိပ်ကာ တရုတ်ကိုအသားပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပီးခဲ့တဲ့နှစ် ဒီဇင်ဘာက စတင်ခဲ့တဲ့ Covid-19 ဟာ ယခုဆိုလျှင် ကမ္ဘာ့ လူဦးရေ ရဲ့ ၁.၄ မီလီယံကို ကူးစက်နေပြီဖြစ်ကာ လူ ၈သောင်းကျော် အသက်ပေးခဲ့ရပါပြီ။” WHO က အစောပိုင်းအချိန် အမေရိကန်အနေဖြင့် တရုတ်ကို ပြည်ဝင်ခွင့်ပေးနေဖို့ပြောတယ်။ အမေရိကန်က ဒီအချက်ကို လက်မခံနိုင်ပါဘူး။ ဒါ့အပြင် တရုတ်ကိုမျက်နှာသာပေးပီး အမေရိကန်ကိုတော့ ရန်ဘုံငွေ တိုးကောက်ပါတယ်။ မဖြစ်သင့်တာပါ” လို့ သမ္မတ ထရန့်ကဆိုခဲ့ပါတယ်။

WHO အကြီးအကဲကတော့ အမေရိကန်အနေနဲ့ နိုင်ငံရေးနဲ့ ယခု ရောဂါကိုမရောထွေးဖို့နဲ့ တရုတ်နှင့်ပူးပေါင်းကာ ဖြေရှင်းဖို့အကြံပေးပါတယ်။ ” နောက်ထပ် အလောင်းအိတ်တွေထပ်ပုံနေစေချင်တယ်ဆိုရင်တော့ ယုံကြည်သလို ဆက်လုပ်ပါ။ ပြည်သူတွေအသက်ကို ကယ်တင်ချင်တယ်ဆိုရင်တော့ ပူးပေါင်းပါဝင်ပါ” လို့လည်း သတိပေးခဲ့ပါတယ်။

WHO အနေနဲ့ကလည်း ၂၀၀၉ H1N1 တုန်းက လုပ်ဆောင်မှုတွေအားရစရာ ဖြစ်သလောက် နောက်ငါးနှစ်အကြာမှာဖြစ်ပွားတဲ့ အီဘိုလာမှာ လုပ်သင့်တာတွေကို မြန်မြန်ဆန်ဆန်မလုပ်ခဲ့ပါဘူး။ ယခု Covid-19 မှာလည်း တရုတ်ကိုငဲ့ညှာပီး အရေးပေါ်အခြေအနေကြေငြာခြင်းနဲ့ ပြည်ဝင်ခွင့်ပိတ်ခြင်းတွေမှာ ဆုံးဖြတ်ချက်မှားသလို ပျက်သားမှုလည်း မရှိခဲ့ပါဘူး။ အီသီယိုးပီးယား ကျန်းမာရေးဝန်ကြီးဟောင်း Mr. Tedros ကတော့ သူ့ကိုပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ပြန်လည်ခုခံပြီး ” ကျွန်တော်လူမည်းဖြစ်ရတာကို ဂုဏ်ယူတယ်။ အာဖရိကနဲ့ လူမည်းတွေကို ထိပါးလာရင်တော့ သည်းခံမှာမဟုတ်ပါဘူး။” လို့ ပြောခဲ့ပါတယ်။Mr. Tedros ရဲ့ စွမ်းဆောင်မှုကို အာဖရိက အဖွဲ့အစည်းနဲ့ တောင်အာဖရိက သမ္မတ တို့က ထောက်ခံခဲ့ပြီး UN ကလည်း ” ခုချိန်မှာ WHO ကအပစ်မတင်သင့်ကြောင်းနဲ့ အားလုံးညီညီညွတ်ညွတ်နဲ့ ရောဂါကြီးကို တိုက်ထုတ်ရမဲ့အချိန်ဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

Mr. Tedros ဟာ April 18 ရက်နေ့မှာ Paul McCartney နဲ့ Stevie Wonder တို့ပါဝင်အားဖြည့်ထားတဲ့ One World: Together at Home သီချင်းကို ကမ္ဘာသူ ကမ္ဘာသားတွေစည်းလုံးမှုအတွက် ထုတ်လွှင့်ဖို့စီစဉ်ထားပြီး ” ယခုအချိန်မှာ ကျွန်တော်တို့ ညီညွတ်ဖို့လိုပါတယ်။ အဲ့လိုမှ မဟုတ်ရင် ကျွန်တော်တို့ဆီမှာ ကျန်ခဲ့မှာက နောင်တပဲ ဖြသ်လိမ့်မယ်” လို့သတိပေးပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *