နေအိမ်အနီးနားက အမှိုက်သိမ်းသူနဲ့လုံခြုံရေးအစောင့်တွေအတွက် ကိုယ်တိုင်အသားညှပ်ပေါင်မုန့် လုပ်ကျွေးတဲ့ Sinon

Posted on

အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားတဲ့ ဖိလစ်ပိုင်ဆယ်လီ Sinon Loresca ကတော့ ရောဂါကပ်ဘေးကြီးကို ကာကွယ်ပေးနေကာ Front liners တွေထဲမှာ အပါအဝင်ဖြစ်တဲ့ နေအိမ်အနီးနားက အမှိုက်သိမ်းသူနဲ့လုံခြုံရေးအစောင့်တွေအတွက် ကိုယ်တိုင်အသားညှပ်ပေါင်မုန့် လုပ်ကျွေးနေတဲ့အကြောင်းကိုတော့ “ကျွန်တော်တို့အိမ်အနီးအနားမှာရှိတဲ့ကျွန်တော်တို့ရဲ့အမှိုက်သိမ်းသူနဲ့လုံခြုံရေးအစောင့်တွေအတွက်ကျွန်တော်ယနေ့တူနာငါးသုပ်အသားညှပ်ပေါင်မုန့် ပြုလုပ်ပါတယ်။

သတိရပါ သူတို့ဟာ Front liners တွေထဲမှာ အပါအဝင်ဖြစ်ပါတယ် အမြဲတမ်းချစ်ခြင်းမေတ္တာနှင့်ကြင်နာမှုပျံ့နှံ့ကြပါစေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ Sinonရဲ့ လိုအပ်နေသူတွေကို အမြဲလိုလိုကူညီလှူဒါန်းလေ့ရှိတဲ့ လေးစားစရာစိတ်ဓာတ်လေးကြောင့်ပဲ မြန်မာပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေတာလည်းဖြစ်ပါတယ်။ Sinonကတော့ လက်ရှိမှာကြုံတွေ့နေရတဲ့ COVID-19 ရောဂါကပ်ဘေးကြီးကိုတောင် ရင်ဆိုင်ပြီး အလုပ်လုပ်နေကြတဲ့ သူနေထိုင်ရာနေအိမ်အနီးက အမှိုက်သိမ်းသူနဲ့ လုံခြုံရေးအစောင့်တွေကို တူနာငါးသုပ်အသားညှပ်ပါင်မုန့် ကိုယ်တိုင်လုပ်ပြီး ကျွေးတာတဲ့နော်။

ပရိသတ်ကြီးရေ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ကမ္ဘာကျော် LGBT မော်ဒယ်လ် Sinon Loresca ကတော့ COVID-19 ရောဂါကပ်ဘေးကြီးကိုတောင် ရင်ဆိုင်ပြီး အလုပ်လုပ်နေကြတဲ့ သူနေထိုင်ရာနေအိမ်အနီးက အမှိုက်သိမ်းသူနဲ့ လုံခြုံရေးအစောင့်တွေကို တူနာငါးသုပ်အသားညှပ်ပါင်မုန့် ကိုယ်တိုင်လုပ်ပြီး ကျွေးတာတဲ့။ ပရိသတ်ကြီးရေ Sinonရဲ့ စိတ်ဓာတ်ကတော့ တကယ်လေစားစရာပါပဲနေ

Leave a Reply

Your email address will not be published. Required fields are marked *