သီချင်းဆိုပြိုင်ပွဲပြိုင်ကတည်းက နောက်ကွယ်ကနေအမြဲပံ့ပိုးပေးတဲ့မေမေကို JOOX ကနေ ဆု ရ ရှိ တဲ့ ရွှေ(၂) ကျပ်သားနဲ့ ကန်တော့ခဲ့တဲ့ ချမ်းမြေ့မောင်ချိုချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3) မှာ ပြိုင်ပွဲဝင်စဉ်ကတည်းက ပရိသ တ် အားပေးမှုကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက အဆိုတော် အိအိရဲ့ သ မီး အ ရင်းဖြစ်ပေမယ့် မိခင်ကြီးရဲ့ နာမည်ကြောင့်မဟုတ်ပဲ သူမရဲ့ ကိုယ်ပိုင်အရည် အချင်းနဲ့ ကြိုး စား ခဲ့ရာ အခုဆိုရင် အောင်မြင်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီ ဖြစ်ပါ တယ်။ ချမ်းမြေ့ မောင် ချိုက သူမကိုယ်တိုင် ရပ်တည်နေပြီဖြစ်ပေမယ့် သူမရဲ့မိခင် အိအိကတော့ နောက်ကွယ် က နေ သမီးလေး လိုအပ်တာမှန်သမျှကို ဖြည့်စည်းပေးနေဆဲ ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုက သူမရဲ့တိုတောင်းလှသေးတဲ့ ဂီတသက်တမ်းမှာ ထူးချွန်ဆုတွေကို ရရှိခဲ့သေး သလို ဒီတစ်ခါမှာလည်း JOOX 2020 Half Year ရဲ့ Artist Award နဲ့ Song Award နှစ်ဆု စ လုံးကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုက သူမရဲ့ ဆုအဖြစ် ရရှိခဲ့တဲ့ ရွှေ(၂) ကျပ်သား ကို သူမ သီချင်းဆိုပြိုင်ပွဲပြိုင်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ ပံ့ပိုးပေးနေတဲ့ သူမရဲ့မေမေကို ကန် တော့ခဲ့တယ်လို့ သိရပါတယ်။
ချမ်းမြေ့မောင်ချိုကတော့ ပရိသတ်တွေ Vote ပေးပြီး ရရှိခဲ့တဲ့ ဆုနဲ့ မိခင်ကို ကန်တော့ခဲ့ရလို့ ဝမ်း သာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိဘကိုသိတတ်တဲ့ သမီးလေးချမ်းမြေ့မော င်ချိုကို ဒီထက်မက ပိုချစ်သွားမယ် ထင်ပါတယ်