နောက်ဘယ်တော့မှအဲ့လို မကတော့ဘူးဆိုတဲ့ ခိုင်သင်းကြည်

မခိုင်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်သရုပ်ဆောင် မင်းသမီး ချော တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ ယနေ့အချိန်ထိ သရုပ်ဆောင် ပီပြင်မှု တွေ၊ နုပျိုလှပမှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ် တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါ တယ်..။ ပရိသတ်တွေရဲ့ ရင်ထဲက မင်းသမီး တစ်ဦး ဖြစ်သလို အနုပညာလောကမှာလည်း နာမည်ကောင်းတွေနဲ့သာ ကျော်ကြားတဲ့ သူမကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်း နေသူမို့ ပရိသတ်တွေ အမြဲအားကျချစ်ခင်နေရသူလေးဆိုလည်း မမှားပါဘူး..။

အမြဲတမ်းနုပျိုသွက်လက်ပြီး ချစ်စဖွယ်ကောင်းအောင်နေတတ်တဲ့ မခိုင်လေးတစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ်တွေက အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာညစာ စားပွဲမှာ အပီဒွန့်ခဲ့တာ ပရိသတ်တွေမှတ်မိမယ်ထင်ပါတယ် ။ ချစ်စရာကောင်းတဲ့ ကကွက်တွေကို လူငယ်မင်းသမီးလေးတွေဖြစ်တဲ့ ခင်ဝင့်ဝါ ၊ အေးမြတ်သူတို့နဲ့အတူတူ ကခဲ့တဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြားမှာ ချစ်စရာကောင်းလွန်းလို့အရမ်းကိုရေပန်းစားခဲ့တာပါ ။

 

ဒါပေမယ့် အခုလတ်တလောမှာတော့ Troller တွေက မခိုင်လေးကခဲ့တဲ့ ဗီဒီယိုနဲ့အတူ စိုင်းစိုင်းရဲ့ငါ့ရည်းစားက ပိုမိုက်တယ်သီချင်းကို ထည့်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဒီဗီဒီယိုလေးက ပြန်လည်ရေပန်းစားခဲ့တာဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကိုပြန်ကြည့်ပြီးမခိုင်လေးက နောက်ကိုအဲ့လိုမကတော့ပါဘူးလို့စနောက်ပြီး ပြန်လည်ရေးသားထားတာ တွေ့ရပါတယ် ။ မမှတ်မိတော့တဲ့ ချစ်ပရိသတ်တွေအတွက် မခိုင်လေးရဲ့ အကတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *