နောက်လိုက် သင်္ဘောသားများ သတ်ဖြတ်ခြင်းခံလိုက်ရတဲ့ မြန်မာသင်္ဘောကပ္ပတိန်

Posted on

မြန်မာသင်္ဘောကပ္ပတိန်တစ်ဦးကို ကာတဂီနာဆိပ်ကမ်းတွင် သူ၏သင်္ဘောတွင်လိုက်ပါလာသော သင်္ဘောသားများက သတ်ဖြတ်မှု သောကြာနေ့က ဖြစ်ပွားခဲ့သည်ဟု The Maritime Executive သတင်းတစ်ပုဒ်တွင် ပါရှိသည်။အိုင်းရစ်ပင်လယ်အတွင်းရှိ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်သော Isle of Man အလံတင် Spirit of Hamburg သင်္ဘော၏ မာလိန်မှူး ဦးမျိုးထွန်းဇော် (အသက် ၅၀ နှစ်) သေဆုံးသွားသည်ဟု အစိုးရရှေ့နေတစ်ဦးကိုကိုးကား၍ ရေကြောင်းဆိုင်ရာသတင်းများ အထူးပြုထုတ်ပြန်သော The Maritime Executive က ရေးသားထားသည်။

သူ၏ရုပ်အလောင်းကို ကိုလံဘီယာနိုင်ငံ ကက်တဂီနာမြို့၏ မန်ဂါခရိုင်ရှိ သင်္ဘောကျင်းတစ်ခုသို့ သယ်ဆောင်ခဲ့ပြီး ဆေးစစ်မှုပြုလုပ်ခဲ့ကြသည်ဟု သတင်းတိုက်များသို့ပေးပို့သော ထုတ်ပြန်ချက်တွင်ပါရှိသည်။ သင်္ဘောမှာ လက်ရှိအချိန်တွင် ကက်တဂီနာပင်လယ်အော်တွင် ကျောက်ချထားသည်။

ပင်လယ်ရေကြောင်း ဥပဒေအရ Spirit of Hamburg ပေါ်တွင် ဖြစ်ပွားသော ရာဇဝတ်ပြစ်မှုမှာ သူ၏အလံတင်နိုင်ငံဥပဒေကြောင်းအရ တရားရင်ဆိုင်ဖြေရှင်းရမှာဖြစ်ကာ စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်ရမှာဖြစ်သဖြင့် ကိုလံဘီယာတရားဥပဒေနှင့် မသက်ဆိုင်ဟုလည်း ပါရှိသည်။Spirit of Hamburg သင်္ဘောမှာ ၂၀၀၇ ခုနှစ်က တည်ဆောက်ခဲ့သော ပနားမားကွန်တိန်နာတင်သင်္ဘောဖြစ်ပြီး Rickmers Reederei က ပိုင်ဆိုင်ကာ Hamburg Sud ကွန်ရက်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *