နောက်(၁၀) နှစ် (၁၅) နှစ်ကြာရင်တောင် အမှတ်ရနေမယ့် အောင်ရေချမ်းနဲ့ အမှတ်တရလေးကို ဖွင့်ဟလာတဲ့ ကျော်စု

Posted on

MRTV-4 မင်းသားတစ်ယောက်ဖြစ်တဲ့ ကျော်စုကတော့ ခန့်ညားချောမောတဲ့ ရုပ်ရှင်နဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအသည်းစွဲ ဖြစ်နေရတဲ့ မင်းသားတစ်လက်ပါ ။ ယောက်ျားပီသတဲ့ သွင်ပြင်နဲ့ စကားပြောဟန်တွေကတော့ မိန်းကလေး ပရိသတ်တွေ အသည်းစွဲ သဘောကျနေကြတဲ့ အချက်လို့တောင်ဆိုရမှာပါ ။ MRTV-4မှာ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်းနဲ့ တချို့အနုပညာ ညီအစ်ကိုမောင်နှမတွေကတော့ မိသားစုသဖွယ် တောင်ဖြစ်နေကြပါပြီ ပရိသတ်ကြီးရေ

ပရိသတ်တွေအားလုံးကချစ်ခင်ရသလို အနုပညာညီအစ်ကိုမောင်နှမတွေ အားလုံးကလည်း ချစ်ခင်ရတဲ့ ကျော်စုကတော့ မကြာသေးမီကမှ Legends of Warriors ဆိုတဲ့ ၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့အကြို ဂုဏ်ပြုဇာတ်လမ်းတွဲ မှာ ပရိသတ်အချစ်တော် အောင်ရေချမ်းနဲ့အတူ ရိုက်ကူးခဲ့တာကိုတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ လတ်တလောမှာတော့ ကျော်စုတစ်ယောက် Legends of Warriors ကားရိုက်ကူးစဉ်က အောင်ရေချမ်းနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရ ဓာတ်ပုံလေးနဲ့အတူ ” ဟျောင့် ဘာမှမဟုတ်ဘူးနော် အခုအချိန်မှာ ဒီဓါတ်ပုံလေးက…. နောက် ၁၀-၁၅ နှစ်လောက်ကြာသွားရင်တော့ ငါတို့ လွမ်းရဦးမယ် အဲဒီအချိန်တွေကို ” ဆိုတဲ့စာသားနဲ့အတူ နှစ်တွေကြာသွားရင်တောင် ပြန်လွမ်းနေရမယ့် သူတို့ညီအစ်ကိုတွေရဲ့ အမှတ်တရလေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ် ။

အောင်ရေချမ်းကလည်း နောက်ကားတွေ မရိုက်တော့ဘူးလို့ပြောချင်တာလား ဆိုပြီး ကွန်မန့်ပေးကာ စနောက်ထားပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ MRTV-4 မင်းသားလေးနှစ်ယောက်ရဲ့ နောင် (၁၀) နှစ် (၁၅) နှစ် ကြာတဲ့ထိ အမှတ်တရလွမ်းနေရမယ့် ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *