နေပြည်တော်သို့ဝင်ရောက်လာသူများအောက်ပါ အချက်အလက်များကို စစ်ဆေးရေး ဂိတ်များတွင် ပြသနိုင်ရပါမည် ။ ၁/ အစိုးရ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခရီးသွားလာခွင့်အမိန့် MO ပြသနိုင်ရပါမည်။
၂/ ပြည်ထောင်စုအဆင့် အစိုးရ / ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် နိုင်ငံခြားသားများ / လူပုဂ္ဂိလ်များ / အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရ အဖွဲ့ /ဝန်ကြီးဌာန ၏ ခေါ်စာပြသနိုင်ရမည်။
၃/ ပုဂ္ဂလိက ကုမ္ပဏီများ / ပြည်သူများ အနေဖြင့် မိမိတို့ နေထိုင်သည့် နေရာ ရပ်ကွက်မှ အဆိုပါ နေရာတွင် မိမိအမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာပြသရပါမည် (၇) ရက်အတွင်းသာ အဆိုပါ ထောက်ခံစာသည် တရားဝင်ပါသည် ( နိုင်ငံခြားသားဖြစ်ပါက passport / visa ပါပူးတွဲပြသရပါမည် )။
၎/ ရခိုင်ပြည်နယ်ပြန်/ နိုင်ငံခြားပြန် ဖြစ်ပါက ပြန်လာသူမှန်သမျှ Q ဝင်ရပါမည်။ကျန်းမာရေးထောက်ခံစာ / ကျန်းမာကြောင်းထောက်ခံစာ လုံးဝ မလိုပါ ဂိတ်မှာ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပါမည်။အသေးစိတ်သိရှိလိုပါကပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန EOC ဖုန်း ( 067- 550294) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။