ပျောက်ဆုံးသွားတဲ့ ကလေးရဲ့ဓာတ်ပုံကို အင်္ကျီပေါ်ရိုက်နှိပ်ပြီး ရှာနေတဲ့ ဖခင်ရဲ့အဖြစ်

Posted on

မလေးရှားနိုင်ငံက သားပျောက်နေတဲ့ ဖခင်တစ်ဦးဟာ သူတို့ကလေးကို ပြန်လည်ရှာတွေ့နိုင်ရေး မျှော်လင့်နေဆဲဖြစ်ပြီး၊ ကလေးရဲ့ပုံကို အင်္ကျီပေါ်မှာရိုက်နှိပ်ကာ သားပျောက်ရှာနေပါတယ်။ ဖခင်ရဲ့အမည်ကတော့ Mohd Fauzi ဖြစ်ပြီး လွန်ခဲ့တဲ့ (၁၀)လလောက်ကတည်းက သားဖြစ်သူ Muhammad Zahiruddin Putra ဟာ အိမ်ကို ပြန်မလာတော့တာပါ။အခုဆိုရင် နေ့ရက်တွေသာ ထိုင်ရေနေရင်း၊ သားပြန်လာမယ့်အချိန်ကို မျှော်နေပါသတဲ့။ ည Fauzi ဟာ သားဖြစ်သူ အိမ်ကို ပြန်လာနိုင်မယ်လို့လည်း မျှောလင့်ယုံကြည်နေပါတယ်။ ပျောက်ဆုံးသွားခဲ့တာ (၁)နှစ်နီးပါးလောက် ရှိပေမယ့် တစ်ယောက်ယောက်က သားကိုတွေ့ပြီး ကယ်ဆယ်ထားလိမ့်မယ်လို့လည်း ထင်ပါတယ်။

သူဟာ သားရဲ့ပုံပါတဲ့ တီရှပ်အင်္ကျီကို ဝတ်ဆင်ပြီး သားပျောက်ရှာနေပါတယ်။ လူမှုကွန်ရက်မှာလည်း ပို့စ်တွေတင်ပြီး သားကို ရှာနေတာပါ။ သူရေးခဲ့တဲ့ ပို့စ်တစ်ခုမှာတော့ Fauzi က “ နေ့ရက်တွေကို ရေတွက်နေခဲ့တာ … ဆယ်လရှိပြီ … ရက်ပေါင်း (၃၀၃)ရက်ပေါ့ … ကျွန်တော့်ရဲ့ ဘယ်လောက်ပင်ပန်းရှုပ်ထွေးနေသလဲဆိုတာ မပြောပြတတ်အောင်ပါပဲ … အရှင်မြတ်ပဲ နားလည်မယ်


အို အရှင်မြတ် … တပည့် ရိုသေစွာ ညွှတ်ဆင်းပါတယ် … သားလေးကို ပြန်ပို့ပေးပါ … ”ဆိုပြီး ရေးခဲ့တာပါ။ သူ့အဖြစ်ကို ကိုယ်ချင်းစာ ဝမ်းနည်းနေသူတွေ၊ သားပျောက် မြန်မြန်တွေ့ပါစေလို့ ဆုတောင်းပေးသူတွေ များပြားစွာ ရှိခဲ့ပါတယ်။ ကလေးဟာ ဘယ်ပုံဘယ်နည်းနဲ့ ပျောက်သွားခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကလေးရဲ့အသက်မှာ (၁၀)နှစ်ဝန်းကျင်လောက်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကျောင်းသွာရာကနေ အိမ်ကို ပြန်မရောက်ခဲ့တာလား၊ ဒါမှမဟုတ် နေအိမ်ကနေ စိတ်တစ်ခုခု ခံပြင်းပြီး ဆင်းသွားခဲ့တာလားဆိုတာ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ ဘယ်လိုပဲဖြစ်နေနေ သားပျောက်လို့ အပူလုံးကြွနေတဲ့ Fauzi အဖို့ သူမျှော်လင့်သလို ကလေးကို ပြန်တွေ့နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *