ပေါ်တူဂီ အကောင်းဆုံးကစာသးမားဆုပေးပွဲမှာ သမိုင်းသစ်ရေးထိုးလိုက်ပြန်တဲ့ စီရော်နယ်ဒို

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ စက်တင်ဘာ၂ရက်က ကျင်းပခဲ့တဲ့ပေါ်တူဂီ တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲအခမ်းမှာ မှာ စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့တာဖြစ်ပြီး အဆိုပါဆု ကို ၁၀ကြိမ်မြောက်ရ ရှိခဲ့တဲ့ ကစားသမားအဖြစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိ စီရော်နယ် ဒိုဟာ လက်ရှိဘောလုံးရာသီမှာ အက်သလက်တီကို အသင်းဆီပြောင်းရွှေ့လာခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂျာအိုဖိလစ်နဲ့ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့ကို အဓိက ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ တာဖြစ် ပါတယ်။ ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးကစာသမားဆုကို ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ဆီမာအိုနဲ့ ပီပီတို့ က ရယူနိုင်ခဲ့တာကလွဲလို့ ၂၀၀၇ ခုနှစ်ကပြီး စီရော်နယ်ဒိုပဲ ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ် ပါတယ်။

ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို လက်ရွေးစင်ကစားသမားတွေ တက်ရောက်ခဲ့ကြပြီး တခြားဆု ၅ဆုလည်းချီးမြှင့်ခဲ့ပါတယ်။ အမျိုးသမီးအကောင်းဆုံးကစာသမားဆုကို လိုင်ယွန်အသင်းက ဂျက်စီကာဆေးလ်ဗား၊ အမျိုးသား အသင်းနည်းပြဆုကို ဘင်ဖီကာနည်းပြ ဘရူနိုလာဂီ၊အမျိုးသမီးနည်းပြဆိုကို ဘရာဂါနည်းပြ မီဂွယ် ဆန်းတို့စ်၊ တစ်နှစ်တာအကောင်းဆုံးအမျိုးသားအသင်းနဲ့အမျိုးသမီးအသင်းဆုတွေကို ဘင်ဖီကာ အသင်းကပဲရယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဥရောပအကောင်းဆုံးကစားသမားဆု မရခဲ့ပေမယ့်လည်း စကာတင်စရင်းမှာပါဝင် ခဲ့ပြီး လာမယ့် စက်တင်ဘာ ၂၃ရက်မှာ ချီးမြှင့်မယ့် ဖီဖာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုချီးမြှင့် ပွဲမှာလည်း ဗန်ဒိုက်၊မက်ဆီတို့နဲ့ အတူ စကာတင်၃ဦးစာရင်းမှာပါဝင်ခဲ့ပါတယ်။