ဒီဘက်ခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက် ဘောင်းဘီအတိုဝတ်ထားလို့ အပြစ်ပြောမယ်ဆိုရင်တော့ အဲဒီလို အပြစ်ပြောတဲ့ လူဟာ တော်တော်စဉ်းစားဥာဏ်မရှိတဲ့ လူတစ်ယောက်လို့ပဲ မြင်မိပါတယ်။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ ဘောင်းဘီအတို ဝတ်ထားတဲ့အတွက်ကြောင့် ဈေးဝယ်စင်တာကနေ မောင်းထုတ်ခံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဟာ UK နိုင်ငံမှာ ဖြစ်ပွားခဲ့ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
လက်ရှိအချိန် UK နိုင်ငံရဲ့ အပူချိန်ဟာ ၃၄ ဒီဂရီ စင်တီဂရိတ်ရှိပြီး ဥရောပနိုင်ငံတစ်ခုအနေနဲ့ တော်တော်ပူတဲ့ အနေအထားလို့ ပြောရပါမယ်။ ဒါ့ကြောင့် Lauren O’ Connor လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ပူပြင်းတဲ့ ရာသီဥတုကြောင့် အင်္ကျီအစိမ်းရောင်အပွနဲ့ ဘောင်းဘီတိုပန်းရောင်တစ်ထည်ကို ဝတ်ဆင်ပြီး ဈေးဝယ်စင်တာတစ်ခုမှ ဈေးဝယ်ထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ ဈေးဝယ်စင်တာမှာ လှည့်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်နေတုန်းမှာ အဆိုပါဈေးဝယ်စင်တာက အရောင်းဝန်ထမ်းတစ်ဦးဟာ Lauren အနားကို ရောက်လာပြီး အင်္ကျီကို ဘောင်းဘီဖုံးအောင် ဆွဲချဖို့ ပြောခဲ့ပါတယ်။
အဲဒီနောက်အဆိုပါဝန်ထမ်းကပဲ Lauren ရဲ့ ပုံစံဟာ အခြားဈေးဝယ်သူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း၊ နောက်တစ်ခါလာမယ်ဆိုရင်လည်း ဒီထက်ရှည်တဲ့ ဘောင်းဘီကို ဝတ်ဆင်ပြီးမှာသာ ဒီနေရာမှာ ဈေးဝယ်ထွက်သင့်ကြောင်း အစရှိသဖြင့် ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Lauren ဟာ တော်တော်ဒေါသထွက်ပြီး ဈေးဆက်မဝယ်ပဲနဲ့ အဆိုပါဈေးဝယ်စင်တာကနေ ထွက်လာခဲ့ကြောင်း သိရပါတယ်။
For reference, this is my outfit. All I wanted was ice lollies. N I get shamed in store doing so. So disappointed. When are we going to stop telling women how to dress? Especially when topless men frequent supermarkets, which I highly doubt are told to change. pic.twitter.com/1sZcztSop0
— Lauren O’Connor (@laurenoconnorPR) August 12, 2020
“ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက်ကို ဘယ်လိုတွေဝတ်ဆင်ဖို့ ပတ်ဝန်းကျင်ကလူတွေက ပြောစရာမလိုပါဘူး။ သူ့ဟာသူ ဘာဝတ်ထားထား ဝေဖန်စရာလည်း အကြောင်းမရှိပါဘူး။ မိန်းကလေးတစ်ယောက်ချင်းဆီတိုင်းမှာ သူ့လွတ်လပ်ပိုင်ခွင့်နဲ့ သူပါပဲ။ အခုလည်း အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ် ရှိတဲ့အောက်မှာ ဘောင်းဘီအရှည်ဝတ်ရအောင် ကျွန်မက အရူးလား။ ကျွန်မဝတ်ထားတာကလည်း အဲဒီလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်မနေပါဘူးရှင်” လို့ Lauren က ပြောကြားခဲ့ပါတယ်။