မျောက်ဖင်နီကို မီးနီနဲ့မှားသွားတဲ့ အမျိုးသမီး ကားတိုက်ခံရ

Posted on

လမ်းခရီး လုံခြုံရေးဟာ ကျွန်တော်တို့အတွက် အလေးအနက်ထားသင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် တစ်ခါတစ်ရံကံဆိုး‌မှု‌တွေကြောင့် ဖြစ်လာရတဲ့ မတော်တဆမှုတွေကိုဝောာ့ ကျွန်တော်တို့အနေနဲ့ မရှောင်လွှဲနိုင်ပေမယ့် ဂရုတစိုက်နဲ့ သွားလာဖို့ကတော့ ပြုလုပ်သင့်တဲ့ အရာပါ။

ထိုသို့ ဂရုစိုက်နေပါလျက်နဲ့ ဖြစ်သွားခဲ့ရတဲ့ လမ်းမထက်က ယာဉ်မတော်တဆမှုတစ်ခုကို ဖော်ပြပေးပါမယ်။ဒီမတော်တဆမှုကတော့ တရုတ်နိုင်ငံ Guizhou မြို့မှာဖြစ်ပွားခဲ့တာပါ။

တရုတ်အမျိုးသမီးတစ်ဦးဟာ မျောက်ဖင်နဲ့ မီးနီကို မှားယွင်းစွာကြည့်မိပြီး ရုတ်တရက်ဘရိတ်အုပ် လိုက်တာကြောင့် နောက်ကပါလာတဲ့ ကားက ဝင်တိုက်မိသွားတာဘဲဖြစ်ပါတယ်။

ထိုအမျိုးသမီးဟာ လမ်းဆုံမီးပွိုင့် ရောက်တဲ့အချိန် ကြည့်လိုက်တဲ့အခါမှာ မီးနီနေတာကို ရုတ်တရက်မြင်လိုက်တာကြောင့် ဘရိတ်ကိုအကုန်နင်းလိုက်ပါတော့တယ်။

ထိုသို့ရုတ်တရက် ရပ်လိုက်တာကြောင့်အနောက်ကပါလာတဲ့ ကားမဲတစ်စင်းက ဝင်တိုက်မိခဲ့ပါတယ်။ဒါပေမယ့် သူမမြင်လိုက်တာက မီးနီမဟုတ်ဘဲ မျောက်ဖင်နီ တစ်ကောင်ဖြစ်နေခဲ့ပါတယ်။

ထိုမျောက်ဟာ မီးပွိုင့်လုပ်ထားတဲ့ သံချောင်းပေါ်မှာ ထိုင်ကာအနားယူနေတာဖြစ်ပြီး နည်းနည်းလှမ်းတဲ့နေရာမှကြည့်ပါက မီးပွိုင့်နဲ့ ဆင်တူနေတာမို့လို့ ဒီလိုမထင်မှတ်တဲ့ မတော်တဆမှုတွေဖြစ်သွားခဲ့တာဘဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကတော့ ဒီအမျိုးသမီးရဲ့ ရိုးသားတဲ့ အမှားတစ်ခုသာဖြစ်ပါတယ်။

ထိုမျောက်ဟာ မီးပွိုင့်လုပ်ထားတဲ့ သံချောင်းပေါ်မှာ ထိုင်ကာအနားယူနေတာဖြစ်ပြီး နည်းနည်းလှမ်းတဲ့နေရာမှကြည့်ပါက မီးပွိုင့်နဲ့ ဆင်တူနေတာမို့လို့ ဒီလိုမထင်မှတ်တဲ့ မတော်တဆမှုတွေဖြစ်သွားခဲ့တာဘဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကတော့ ဒီအမျိုးသမီးရဲ့ ရိုးသားတဲ့ အမှားတစ်ခုသာဖြစ်ပါတယ်။

သူမအနေနဲ့ ဥပဒေကိုချိုးဖောက်ခဲ့တာမဟုတ်ဘဲ မီးနီလို့ထင်ကာ ဘရိတ်အုပ်ခဲ့တာမို့ ဖြစ်ပါတယ်။ဒီဖြစ်ရပ်ကြောင့် အာဏာပိုင်တွေ အနေနဲ့ ဒီဖြစ်ရပ်မျိုးထပ်မဖြစ်ပွားစေဖို့ မျောက်တွေနဲ့ အခြားတိရစ္ဆာန်တွေကို ဂရုတစိုက်ကြည့်ရှုကာ မောင်းနှင်ကြဖို့ကိုတိုက်တွန်းထားပါတယ်။

References: EliteReaders

Leave a Reply

Your email address will not be published. Required fields are marked *