မွေးစကတည်းကမိန်းမအင်္ဂါ ပါမလာခဲ့တဲ့ မိန်းကလေး

Posted on

အသက် ၂၂ နှစ်အရွယ် ကေလီးမုတ်စ်လို့အမည်ရတဲ့ မိန်းကလေးဟာ မွေးကင်းစအရွယ်ကတည်းက မိန်းမကိုယ်မွေးလမ်းကြောင်း ပါမလာခဲ့တဲ့သူဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် သူမရဲ့ထူးခြားပြီးပုံမှန် မဟုတ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုကို တခြားသူတွေ သိရှိမှာကိုစိုးရိမ်တဲ့စိတ်နဲ့ ကြောက်လန့်ကာ ဖြတ်သန်းနေခဲ့ရ တယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် သူမဟာ မိန်းမကိုယ်မပါလာခဲ့တဲ့အပြင်ကို သားအိမ်၊ သားအိမ်ထိပ်ဝတို့လဲ မပါလာခဲ့တဲ့ လိင်အတူနေဖို့နဲ့ ကလေးမီးဖွားဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးနဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အိမ်ထောင်ပြုလက်ထပ်တဲ့ အခါမျိုးတွေမှာ သာမန်လူတွေလိုပဲ အိမ်ထောင်ရေးသု ခနဲ့ လိင်ပိုင်းဆိုင်ရာတွေ ခံစားနိုင်မှာမဟုတ်ပါဘူး။ တစ်ကယ်လို့ ယောကျားယူပြီး အိမ်ထောင်ရေးသုခခံစားလိုပါက မိန်းမကိုယ်အင်္ဂါကို ဆေးဝါးနဲ့ ခွဲစိပ်ကုသမှုပြုလုပ်ပြီး ဖန်တီးရမှာဖြစ်ပါတယ်။ ခွဲစိပ်မှုကုန်ကျစရိတ်ကလဲ မနဲပါဘူး ဒေါ်လာ တစ်သောင်းခွဲနီးပါးလောက်ရှိပါတယ်။သို့ပေမယ့် သူမအတွက် ကံကောင်းတယ်လို့ဆိုရမလားပဲ။ သူမရဲ့ ချစ်သူကောင်လေးလဲရှိပါတယ်။ ဒီ အကြောင်းကို သူ့ကောင်လေးသိတဲ့အခါ သူမအပေါ် စိတ်ပျက်တာမျိုးတွေနဲ့ သူမနဲ့ အိမ်ထောင်ရေးသုခ၊ လိင်ပိုင်း ဆိုင်ရာ မရပေမယ့်လည်း သူမကိုလက်ခံပြီး ဆက်လက်ချစ် ခင်ကြင်နာပေးတာမျိုးပြုလုပ်ပေးခဲ့ပြီး သူမရဲ့ ဒီခွဲစိပ်ကုသမှုကိုလည်း ဝင်ရောက်အကူအညီပေးတောင်း ခံမှုတွေပြုလုပ်ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *