မွေးနေ့ပွဲလေးနဲ့ ပရိသတ်တွေ့ဆုံ ပွဲ လေးကို လာရောက်ပေးဖို့ ပရိသတ် တွေ ကို ဖိတ်ခေါ်လိုက်တဲ့ အေးမြဖြူ

Posted on

ပရိသတ်တွေက မိုးသိုလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးမြဖြူလေးကတော့ လာမယ့် မတ်လ (၉) ရက်နေ့မှာ သူ့ရဲ့မွေးနေ့ရက်မြတ်လေးကျရောက်တဲ့နေ့လေးပဲဖြစ်ပါတယ် ။ဒီမွေးနေ့ ရက် လေး မှာတော့ မိုးသိုလေးက မနက်ပိုင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အာဟာရဒါနသွား ရောက် လှူဒါန်းမှာဖြစ်ပြီး တကယ်လိုအပ်နေတဲ့ နေရာလေးတစ်ခုမှာလည်း သူ့ရဲ့အမာခံပ ရိသ တ် မိုးစက်လေးတွေနဲ့အတူသွားချင်တာကြောင့် လာရောက်ပေးဖို့ကို

“ချစ်ရတဲ့ မိုးစက်တို့ရေ (၉.၃.၂၀၂၀) ( တနင်္လာနေ့ ) မှာ ကျရောက်မယ့် သမီးမွေးနေ့မှာ အား လုံးနဲ့ တစ်နေကုန် တွေ့ဆုံနိုင်အောင် စီစဉ်ထားတာလေးတွေ ပြောချင်လို့ပါ ကျောင်း တစ် ဖက် အနုပညာအလုပ်တွေတစ်ဖက်နဲ့ မအားလို့ အခုလို အနားနီးမှပြောရတာကို တောင်း ပန်ပါတ ယ်ရှင့်။ (၉) ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်သော အာဟာရ ဒါနအတွက် သွားရောက်လှူဒါန်းပါမယ် နောက်ပြီး မင်္ဂလာတော င်ညွ န့်မြို့နယ်ထဲက လူသိ နည်း တဲ့ တကယ်လိုအပ်တဲ့နေရာတစ်ခုကိုလည်း မိုးစက်တို့နဲ့ အ တူတူသွားချင်ပါတ ယ်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပဲဖြစ်ပါ တယ်။

မိုးသိုလေးက ညနေပိုင်းမှာတော့ မွေးနေ့ ပါတီပွဲလေးနဲ့ ပရိသတ်တွေ့ဆုံပွဲလေးကို သီချင်း တွေဆို ဂိမ်းတွေဆော့ကစားပြီး ပရိသတ်တွေအားလုံးနဲ့ ရင်ရင်နှီးနှီး ပျော်ပျော်ပါးပါးတွေ့ဆုံ ချင်တာကြောင့် ပရိသတ်တွေ မိတ်ဆွေတွေ ဆရာ၊ဆရာမတွေနဲ့ မီဒီယာများကိုလည်း လာရော က်ပေးဖို့လည်း ထပ်မံဖိတ်ခေါ်ထားပါသေးတယ်။

ပရိသတ်ကြီးရေ မိုးသိုလေးကေ တာ့ မွေးနေ့ပွဲလေးနဲ့ ပရိသတ်တွေ့ဆုံပွဲလေးကို ကန်တော်ကြီးမျှော်စင် ကျွန်း မှာ ညနေ (၅)နာရီ ကနေ (၈)နာရီအထိကျင်းပပြုလုပ်သွားမှာပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *