မွေးနေ့မှာ လက်လုပ်လက်စား မသန်စွမ်းသူတွေကို ခြေထောက်အတုများ လှူဒါန်းခဲ့တဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ မွေးနေ့အလှူ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက သူမရဲ့ မွေးနေ့မှာ အလှူများစွာကို လှူဒါန်းခဲ့ပြီး ခုတစ်ခါမှာတော့သူမက မွေးနေ့အလှူအဖြစ် လက်လုပ်လက်စား မသန်စွမ်းသူတွေကို ခြေထောက်အတုများ ကိုယ်တိုင်တပ်ဆင် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက ” ယနေ့အတွက် တတိယအကြိမ်မြောက် မွေးနေ့အလှူအဖြစ်မိသားစုတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများ တပ်ဆင်လှူဒါန်းပေးပြီး လှူဒါန်းခဲ့ပါတယ်ရှင် 🙏🏻🙏🏻🙏🏻ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေ လူကောင်းတယောက်လို သွားလာလှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ခြေထောက်အတုများလှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ် 🙏🏻🙏🏻🙏🏻”

“ကျွန်မတို့ လှူဒါန်းရာတွင် ခြေထောက် နှစ်ချောင်းပြတ် လူနာအား လှူဒါန်းရန် ဆက်သွယ်ခဲ့သော်လည်း ခရီးလွန်ပြီး အဆက်သွယ်မရသဖြင့် ခြေထောက်တချောင်းပြတ်မသန်စွမ်းများကိုသာ ဒီနေ့လှူဒါန်းဖြစ်ခဲ့ပါတယ် 🙏🏻🙏🏻🙏🏻”

“ထို့အပြင် ဈေးဗန်းခေါင်းရွက်အသည်များအား အရိပ်ရစေရန် ထီးနှင့် အမောပြေ အအေးများ လည်း ဈေးထဲသို့လိုက်လံလှူဒါန်းခဲ့ပါတယ်ရှင် 🙏🏻🙏🏻🙏🏻
ကျွန်မ မွေးနေ့အလှူသည် ခုနှစ်ရက်သားသမီးများ အားလုံး၏အလှူဖြစ်သဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ရန် ရည်ရွယ်၍ အလှူပုံရိပ်များ Post တင်ပေးလိုက်ရပါတယ်ရှင်” လို့ပြောထားပါတယ်။

မွေးနေ့အလှူအဖြစ် မသန်စွမ်းသူတွေအတွက် ခြေထောက်အတုများတပ်ဆင် လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ အလှူအတွက် ပရိသတ်ကြီးကလည်း သာဓုခေါ်ပေးလိုက်ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *