အောက်ဆုံးတွင် ရုပ်သံဖိုင် တင်ထားသည်
ရေချိုးတဲ့ ဗွီယိုဖိုင်ကိုတင်ပီး ဈေးဗန်းခင်းတဲ့ ရုပ်သံ
အွန်လိုင်းမှာ ဆယ်ကျော်သက်တွေကြား ရေပန်းစားလာတာကတော့ ဈေးဗန်းခင်းတာပါ။
ဈေးဗန်းခင်းတိုင်းလည်း Rs ချိတ်ခွင့်ရတာမဟုတ်၊ အခင်းမတတ်ရင်လည်း သောက်ရှက်ကွဲတတ်ပါတယ်။
ပါးလေးဖောင်း လက်နှစ်ချောင်းထောင်တဲ့ခေတ်ကလည်း ကုန်ခဲ့ပါပီ။
အခုက Tik Tok တော့မှာ ဖင်ကောက် ရင်ကော့ရာကတစ်ဆင့် ဖင်ဖော်ရင်ဖော်ပီး ခင်းနိုင်မှ တော်ကာကြတာကလား။
ခက်တာက မြန်မာဆန်ဆန် နန်းဆန်ဆန်လေး တင်လိုက်ပြန်တော့ Likeက ဆယ်ယောက်တောင် ပြည့်တာမဟုတ်။
တင်ရတာရှက်တောင် ရှက်စရာ။
ဟိုမှာ ရုပ်က သခေါ၊ ပြောင်းဖူးမွှေးရောင် အမွှေးနဲ့ ကမတွေများ ပေါင်တစ်ဝက်လောက်ဖော် လယ်လေးဟိုက်ပီး က ပြလိုက်တာ
အယ့်လယ်…. အောင်ခြင်းအပါးတစ်ရာ ဆင့်လို့ ပလူးကြ ပရူးကြတာကလား။
ပုပ္ပါးမယ်တော်ပွဲမှာ အဖီဆွဲပီး အိုးတိုက်ဖွဲပြာရောင်းတဲ့ ကလေးအမေတေကလည်း ဆံပင်ဖားလျှားချလို့ ကြာကြည့်ကြည့်ပီး မမရင်ခွင်ထဲလာတဲ့….။
အိုကေတာပဲ ….
ကျားတွေပေါတဲ့ အိုင်းလိုင်းတောနက်ထဲမှာ နွားတေလည်း အုပ်လိုက်ကြီးပေါမှပေါ။
ဘာပဲဖြစ်ဖြစ်ပါ ခင်းတာလည်းခင်းကြ ဒါပေမယ့် အခြေအနေနဲ့အချိန်အခါကို ကြည့်ခင်းကြပါ။
အခုလိုရေချိုးရင်းခင်းတာက ခင်းတတ်ရင် ကျန်းမာရေးနဲ့ညီညွတ်ပေမယ့် အခင်မတတ်ရင်တော့ နှာစေးတတ်ကြောင်းပါ…….