ရေစိုစို အလှလေးတွေနဲ့ အရုပ်မလေးတစ်ရုပ်လို လှပလွန်းနေတဲ့ နန်းဆုရတီစိုး

Posted on

အရုပ်မလေး တစ်ရုပ်လို လှပတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့အချစ်နဲ့အားပေးမှုတွေကို သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေနဲ့ သိမ်းပိုက်ထားသူလို့ ပြောရမှာပါ..။။ အမြဲ နုနယ်ပျိုမျစ်ချောလှတဲ့ နန်းဆုကတော့ အဆိုပိုင်းမှာလည်း တော်တဲ့ သူတစ်ဦးလည်း ဖြစ်ပါသေးတယ်။

အမြဲ တက်ကြွလန်းဆန်းကာ အရုပ်မလေးလို လှတဲ့ နန်းဆုက သူမရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် မျှဝေပေးလေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၁၆)ရက်နေ့ သင်္ကြန်နောက်ဆုံးနေ့လေးမှာတော့ နန်းဆုက သင်္ကြန်ရေ မစိုရရင်တောင် တစ်နည်းနည်းနဲ့ ရေစိုအောင် အိမ်က ရေကူးကန်ထဲမှာပဲ ရေကူးခဲ့တဲ့ အလှပုံရိပ်လေးတွေကို “ရေစိုရင်ပြီးရော ဘယ်လိုနည်းနဲ့စိုစိုကွာ ဒီနှစ်တော့ ဒီလိုပဲ ထပ်ဖြတ်သန်းမယ်” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

ပုံလေးတွေထဲမှာ နန်းဆုကတော့ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေပြီး ဘိုမရုပ်လေးတစ်ရုပ်လို လှပနေတော့တာပါပဲနော် ပရိသတ်ကြီး..။ ပရိသတ်ကြီးအတွက်လည်း ရေစိုစွာ လှနေတဲ့ ဘိုမရုပ်လေး နန်းဆုရတီစိုးရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ချစ်စရာကောင်းလွန်းပြီး လှနေတဲ့ နန်းဆုရတီစိုးကို အားပေးရင် မှတ်ချက်လေးတွေကိုလည်း ရေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *