ရောဂါကြီးမရှိတော့ရင် သင်္ကြန်ပြီးလည်း အကုန်လုံးကို ရေနဲ့ လိုက်ပက်ဦးမယ် ဆိုတဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလက်

Posted on

ချစ်ပရိသတ်ကြီးရေ MRTV – 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့သရုပ်ဆောက်မှုတွေကြောင့် ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်းဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချော နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်။ သူမက ရှည်လျားလှပတဲ့ ဆံနွယ်ရှည်လေးကို ပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပုရိသယောက်ျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နေခြည်ရွှန်းလက်က လူအများအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတက်ပြီး စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုများသာမကပဲ အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။


အခုလက်ရှိမှာတော့ မြန်မာ့နှစ်သစ်ကူး မဟာသက်ြန်ပွဲတော်ကို မကျင်းပဖြစ်တဲ့အတွက် အိမ်မှာနေရင်း အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလာတာပဲ ဖြစ်ပါတယ်။ သူမက ” အခုတော့ပုံထဲကနေပဲ ရေပက်ရတာပေါ့ ရောဂါကြီးမရှိတော့ရင် သင်္ကြန်ပြီးလည်း အကုန်လုံးကို ရေနဲ့ လိုက်ပက်ဦးမယ် “ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့်ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုနေမှာအသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

Leave a Reply

Your email address will not be published. Required fields are marked *