ရောင်းမကုန်တဲ့ထီထိုးရင်း သိန်းတစ်သောင်းခွဲကံထူးသွားတဲ့ ပရဟိတဆရာတော်

ရောင်းမကုန်တဲ့ လက်ကျန် ထီလက်မှတ်တွေကို ထိုးလိုက်ရာကနေ နေပြည်တော်က အေးမေတ္တာစံပရဟိတ ကျောင်းထိုင်ဆရာတော်ဟာ ကျပ်သိန်းတစ်သောင်းခွဲ ဆုရှင်ဖြစ်သွားပါတယ်။

ထီမဖွင့်မီ တစ်ညအလိုမှာ ထီသမားက ထီတွေရောင်းမကုန်တာကြောင့် ထီလက်မှတ်အစောင် တစ်ထောင်ကို ငါးသိန်းကျပ်နဲ့ ရောင်းချပေးတာကို ဝယ်ယူလိုက်ရာကနေ သိန်းတစ်သောင်းခွဲ ဆွတ်ခူးသွားတာပါ။

ဆရာတော်ဟာ မိဘမဲ့ကလေး ဦးရေ လေးရာနီးပါးကို စောင့်ရှောက်ပေးနေတာကြောင့် ထီပေါက်ငွေတွေကို ကလေးတွေရဲ့ ပညာရေးနဲ့ မိဘမဲ့ကျောင်းတွေ ဆောက်လုပ်သွားမယ်လို့ မိန့်ပါတယ်။

လက်ရှိ ပရဟိတကျောင်းမှာ မိဘမဲ့ တိုင်းရင်းသားကလေးငယ် လေးရာကျော်အတွက် စားရိတ်ဟာ တစ်လ ကို ကျပ်သိန်း ၇၀ လောက်ကုန်ကျတယ်လို့သိရပါတယ်။

ဆရာတော်ဟာ လစဉ် ပုံမှန် ထီသုံးလေးသိန်းဖိုးထိုးနေကြဖြစ်ပြီး ထီဆုကြီးမျိုး မပေါက်ဖူးပေမယ့် ကျပ်ငါးသောင်း လို ဆုမျိုးကတော့ မကြာခဏဆိုသလို ပေါက်တယ်လို့ မိန့်ပါတယ်။

ဆရာတော်အနေနဲ့ ၂၀၁၀ ခုနှစ်မှာ တောင်းတန်သာသနာပြုပြန်လာပြီးကတည်းက ပရဟိတကျောင်းတည်ဆောက်ကာ မိဘမဲ့တိုင်းရင်းသားတွေကို ပြုစုစောင့်ရှောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ရဲ့ကျောင်းမှာတော့ လက်ရှိ သမ္မတ ဦးဝင်းမြင့်ဟာ အလှူအတန်းတွေ ပြုလုပ်လေ့ရှိပါတယ်

ရုပ်သံသတင်းထောက် – မောင်သင်တုန်း

Leave a Reply

Your email address will not be published. Required fields are marked *