တောင်နဲ့မြောက်နယ်စပ်အနီးမှာရှိတဲ့ ဆည်ကြီးရဲ့ဆည်ရေတံခါးကို ကြိုတင်အသိမပေးဘဲ ရုတ်တ ရက်ဖွင့်ချလိုက်လို့မြောက်ကိုရီးယားပြည်သူတွေရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီးမှ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်က တန်ဖိုးမြင့်ဇိမ်ခံကားကြီးLexus LX 570ကို ကိုယ်တိုင်မောင်းနှင်ပြီး သွားရောက်တွေ့ဆုံခဲ့ပါတယ်။အဆက်မပြတ်မိုးသည်းနေခဲ့တဲ့အပြင် ကြိုတင်အသိမပေးဘဲဆည်တံခါးဖွင့်ချလိုက်တာတွေကြောင့် မြောက်ကိုရီးယားရဲ့ကျေးရွာအများအပြားများရေကြီးရေလျှံမှုတွေနဲ့ ပျက်စီးထိခိုက်ခဲ့ရပါတယ်။
မြောက်ကိုရီးယားဘက်က ဟွမ်ဂန်ဆည်ကနေ ကြိုတင်အသိမပေးဘဲ ဆည်တံခါးဖွင့်ချလိုက်ချိန်မှာ တောင်ကိုရီးယားဘက်ပိုင်းက ဒေသတွေထိပါ ရေဘေးကြုံတွေ့နေကြရတယ်လို့ သတင်းတွေ မှာဖော်ပြခဲ့ကြပါတယ်။ကြိုတင်မပြောဘဲ ဆည်တံခါးဖွင့်ချလိုက်တဲ့မြာက်ကိုရီးယားရဲ့ဆုံးဖြတ်ချက်ကြောင့် နယ်စပ်အနီး တောင်ကိုရီးယားမြို့တွေ့မှာလည်း ရေကြီးရေလွှမ်းလာခဲ့ပြီး မူလတန်းကျောင်းတွေမှာ ရေဘေးဒုက္ခ သည်တွေကို ရွှေ့ပြောင်းနေရာချပေးထားရပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံဆောင်ရွက်မှုမှာ ပူးပေါင်းမှုမရှိခဲ့တဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ် အတွက် တောင်ကိုရီးယားဘက်က ဝေဖန်ပြစ်တင်ထားနေပါတယ်။မြောက်ကိုရီးယားရဲ့ဆည်ကနေ နောက်ထပ်ရေဖောက်လွှတ်လာတာမျိုးတွေကို ၂၄နာရီမပြတ် ကြို တင်စောင့်ကြည့်နေကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်တုံ့ပြန်မှုတွေအတွက် ပြင်ဆင် ထားခဲ့ပြီလို့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။
တောင်ကိုရီးယားဘက်က ရေဘေးဒုက္ခသည်စခန်းတွေဆီကို တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က လည်း သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ပေးနေတယ်လို့ တောင်ကို ရီးယားသတင်းတွေမှာဖော်ပြထားခဲပါတယ်။တောင်ကိုရီးယားမိုးလေဝသခန့်မှန်းချက်အရ ဩဂုတ်လကုန်ပိုင်းထိဆက်ပြီး မိုးတွေသည်းထန်နေဦး မယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။