ရှေ့တန်းသူရဲကောင်းတွေ အကောင်းဆုံးကာကွယ်နိုင်ဖို့ ဆေးရုံ(၄) ခုမှာလိုအပ်တာတွေ လှူဒါန်းခဲ့တဲ့ ချစ်သုဝေ

Posted on

ချစ်စရာ သမီးအမြွှာလေး နှစ်‌ယောက်ရဲ့ နာမည်နဲ့ ဖောင်ဒေးရှင်း ကိုထူထောင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်ကတော့ Covid-19 ကာလမှာ လှူဒါန်းမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာပါတယ် ။ နွမ်းပါးပြည်သူဖေးမကူ ဆိုပြီး သာမန်လက်လုပ်လက်စား နွမ်းပါးသူတွေအတွက် အစားသောက်နဲ့လိုအပ်တာတွေ လှူဒါန်းခဲ့သလို ပြည်သူတွေအတွက် ကုသမှုတွေ ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လည်း လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ် ။

ဖောင်ကြီးဆေးရုံကို Videolayngoscope4 blades (1)ခု ၊ Barrier box (2)ခု၊ PPE (100)စုံ ၊ Surgical gown (150)စုံ၊ Viral bacteria HME filter (50)ခု ၊Goggle (40)ခု ၊Cap (400)ခု ၊Mask (2000)ခု၊ Glove (2000)ခု ၊တောင်ဥက္ကလာ Covid (19) ကုသရေးဆေးရုံ ကို Video Laryngoscope 5Blades (1) လုံး ၊ PPE+Boot Cover(50) ၊ Disposable Surgical Gown (100)စုံ

၊ဝေဘာဂီဆေးရုံသို့ Video Laryngoscope 4Blades (1) လုံး ၊ PPE+Boot Cover(100)ခု ၊ Goggle(50)ခု၊Mini viral filter (50)ခု ၊ Surgical Gown (150)ခု ၊ မုံရွာဆေးရုံသို့ PPE(50)စုံ ၊ Video Larynscope 4Blade(1)လုံး ၊ Goggle (10)ခု ၊ Glove(500)စုံ ၊ Mini Viral Filter (30) ခုတို့ကို ခတ်သစ်ဖောင်ဒေးရှင်းမှ ၂၄.၄.၂၀၂၀နေ့ နဲ့ ၂၅.၄.၂၀၂၀ နေ့တွေမှာ မျှဝေကူညီပေးခဲ့ပြီး ဆက်လက်ပြီး လိုအပ်သည့်နေရာတွေကို မျှဝေခြင်းများဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ် ။

ရှေ့တန်းသူရဲကောင်းတွေ အကောင်းဆုံးကာကွယ်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးအား ကျေးဇူးအထူးတင်ပါတယ်။ဗိုင်းရပ်စ်ပိုးများ ရပ်တန့်ပါစေ။ ချစ်ခြင်းတရားများ ပျံ့နှံ့ပါစေ။ ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သုဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အလှူပုံရိပ်လေးတွေကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ တဆင့်ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *