ရွှေမှုံရတီ အကယ်ဒမီရပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ဇေရဲထက်

ရုပ်ရှင်သရုပ်ဆောင်လောကမှာ အရမ်းကိုကြိုးစားတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ သူရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကိုရရှိနေတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ ပရိသတ်တွေသိပ်ချစ်ကြတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကို မကြာခင်မှာကျင်းပတော့မယ့် အကယ်ဒမီပွဲကြီးမှာ အကယ်ဒမီဆုရဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

သူတို့နှစ်ဦးကတော့ “မာယာစတိုင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဇေရဲထက်နဲ့ ရွှေမှုံရတီ (၂)ဦးစလုံးကို အကယ်ဒမီရစေချင်နေကြပါတယ်။

ဇေရဲထက်ကတော့ သူ့ရဲ့အရမ်းခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီအတွက် “ရွှေမှုံရတီ အကယ်ဒမီရပါစေ”လို့ရေးပြီး သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးကရော သူတို့(၂)ဦး ဒီနှစ်မှာ အကယ်ဒမီရမယ်လို့ ထင်ကြလား ???

Source: Zay Ye Htet, shwe Mhone Yati

Leave a Reply

Your email address will not be published. Required fields are marked *