ရွှေတောင်ကြားမှာနေတဲ့ အပျိုကြီးမမ ရွှေရတု အဖြစ် မြင်တွေ့ရမယ့် မကြီးစိုး

Posted on

စိုးမြတ်သူဇာဟာ အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနစ်ပြီးတော့ လုပ်ကိုင်တတ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်နဲ့ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းတောင် လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက်ပါ။လက်ရှိမှာတော့ မကြီးစိုးကတော့ ရွှေတောင်ကြားမှာနေတဲ့ အပျိုကြီးမမ ရွှေရတု အဖြစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် “ကိုကိုငလက်မ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော်အနုပညာရှင်များဖြစ်တဲ့ လူမင်း၊ထွန်းထွန်း၊သဉ္ဇာနွယ်ဝင်းတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး ငလက်မ အရွယ်ရှိတဲ့ လူသေးသေးလေးနဲ့ အပျိုကြီးမမ တို့ရဲ့ ရယ်စရာ၊ ချစ်စရာ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။မကြီးစိုးတစ်ယောက်ဟာ နားလေးက မဆိုသလောက် လေးပြီး မျက်စိလေး နည်းနည်းမှုန်တယ်၊ကျန်တာ Perfect ဖြစ်တဲ့ အပျိုကြီး ရွှေရတု အဖြစ်ပါဝင်ထားပြီး လက်မအရွယ်သာရှိတဲ့ ကိုကိုငလက်မနဲ့ ဘယ်လိုရင်ဖိုသွားလေးဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

ပရိသတ်ကြီးရေ မကြီးစိုးကတော့ လက်မအရွယ်သာရှိတဲ့ ကိုကိုငလက်မနဲ့ ရွှေတောင်ကြားမှာနေတဲ့ အပျိုကြီးမမ ရွှေရတု တို့ ချစ်သူတွေဖြစ်သွားရင် သဘောတူမှာလားလို့ မေးထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။