လေးစားချင်ခင်ရတဲ့အစ်ကိုတွေဖြစ်တဲ့ လွင်မိုး၊ လူမင်း၊ ခန့်စည်သူတို့နဲ့ ပွဲအတူတူတက်ရောက်ခဲ့တဲ့ နေတိုး

Posted on

အနေအထိုင် အေးဆေးတည်ငြိမ်ပြီး ခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ နေတိုးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးက အကယ်ဒမီဆုကြီးများစွာကိုလည်း ရရှိခဲ့ပြီး မကြာသေးခင်ကမှလည်း Myanmar’s Pride Award Best In Film ဆုကြီးကိုလည်း ပူပူနွေးနွေး ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။


အောင်မြင်တဲ့ အနုပညာရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ကြော်ငြာတွေကို လက်မလည်အောင်ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေကိုလည်း လက်မလည်အောင် တက်ရောက်နေရတာပဲ ဖြစ်ပါတယ်။


ဒီနေ့မှာလည်း နေတိုးက သူလေးစားချစ်ခင်ရတဲ့ စီနီယာအစ်ကိုကြီးတွေဖြစ်တဲ့ လွင်မိုး၊ လူမင်း၊ ခန့်စည်သူတို့နဲ့အတူတူ Paradiso ရုပ်ရှင်ရုံဖွင့်ပွဲကို အတူတူ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။


နေတိုးကတော့ မအားလပ်တဲ့ကြားက ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေလျက်ရှိပါတယ်ပရိသတ်ကြီးလည်း နေတိုးတို့ အနုပညာညီအစ်ကိုတွေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *