ဝေဘာဂီဆေးရုံကို သွားရောက်ပြီး လှူဒါန်းမှု ပြုလုပ်ခဲ့တဲ့ နေရွှေသွေးအောင်

Posted on

ဖိုးလပြည့်ဆိုပြီး လူသိများတဲ့ နေရွှေသွေးအောင်ကို အသိုင်းအဝိုင်းဂုဏ်ကြောင့် ရှိန်သူတွေများပေမဲ့ တကယ်တမ်း ပေါင်းကြည့်ပြီးမှ ခင်သွားသူတွေလည်း ရှိပါတယ်။ ဖခင်ဖြစ်သူ ဗိုလ်မှူးနေစိုးမောင်က တည်ငြိမ်အေးဆေးတဲ့ စစ်မှုထမ်း ကျန်းမာရေး ပါရဂူ ဖြစ်သလို ကိုယ်ပိုင်ကားလေးတစ်စီးနဲ့ နယ်တကာ လှည့်လည်ပြီး ဆေးကုသမှု ပေးနေသူတစ်ယောက်ပါ။ အဘိုးဖြစ်သူကို အများပြည်သူမြင်နေကြတဲ့ အမြင်ကနေ ကွဲထွက်ပြီး တစ်မူထူးခြားအောင် နေပြလိုက်တဲ့ ဖိုးလပြည့်ကို အနုပညာဝိုင်းတော်သားတွေက လက်ခံကြပါတယ်။

Enrique Iglesisas ရဲ့ သီချင်းတွေကို ကိုယ်ပိုင်မူဟန်သုံးပြီး အမိုက်စားရိုက်ချက်တွေသုံးကာ ဖန်တီးပြတဲ့ ဖိုးလပြည့်သီချင်းတွေကို အားပေးနေတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ အနုပညာစွမ်းရည်အနေနဲ့ ဖိုးလပြည့်က “အခမ်းနားဆုံး မေတ္တာ” ရုပ်ရှင်ကားကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်သရုပ်ဆောင်ပြခဲ့ပါသေးတယ်။ဘာသာရေးကို လေ့လာလိုက်စားပြီး ပါမောက္ခချုပ် ဆရာတော်ဘုရားနဲ့ အမေး အဖြေ ကဏ္ဍမှာ ပါဝင်တင်ဆက်ပေးတဲ့ နေရွှေသွေးအောင်က ဖခင်ဖြစ်သူရဲ့ ခြေရာကို တစ်ထပ်တည်း နင်းနိုင်သူပါ။ နူးညံ့တဲ့ စိတ်ထားတစ်စုံကို ဖန်ဆင်းပေးတဲ့ ဖခင်ဖြစ်သူကြောင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်နေတဲ့ နေရွှေသွေးအောင်က လိုအပ်နေတဲ့ အချိန်မှာ ပြည်သူတွေကို ကူညီပေးဖို့ အဆင်သင့် ရှိနေခဲ့ပါတယ်။

ဖခင်ဖြစ်သူနဲ့အတူ ဝေဘာဂီပြည်သူ့ဆေးရုံကြီးဆီ သွားရောက်ပြီး လိုအပ်နေတဲ့ လက်ဆေးဆပ်ပြာရည်၊ ဆပ်ပြာခဲနဲ့ တစ်ခြားသော အသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ လှူဒါန်းမှုအတွက်လည်း သာဓုခေါ်တဲ့ ပြည်သူတွေ များသလို PPE ဝတ်စုံ ၊ mask မပါဘဲ သွားရောက်ခဲ့တဲ့အတွက် ဖိုးလပြည့်ရဲ့ ကျန်းမာရေးကို အားလုံးက အလေးထား စိတ်ပူပေးကြတာ ဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ဖိုးလပြည့်တို့ သားအဖရဲ့ လှူဒါန်းမှု ပုံရိပ်ကို တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *