ဝေယျာဝစ္စတွေကိုပြုစုလုပ်ကိုင်ပေးတဲ့ ကူဖော်လောင်ဖက်အစ်မနဲ့ ညီမလေးကို ရွှေကလစ်တွေ လက်ဆောင်ပေးခဲ့တဲ့ ဇေရဲထက်

Posted on

သရုပ်ဆောင် ဇေရဲထက်ကတော့ နယ်မြို့လေးမှာ ကြီးပြင်းခဲ့သူပီပီ သူစိတ်ထဲရှိတာကို ထိမ်ချန်မထားပဲ ပွင့်ပွင့်လင်းလင်း ပြောတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဇေရဲထက်က စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းလည်း ရက်ရောလွန်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်တွေမရိုက်ဖြစ်တော့ပေမယ့်လည်း ဇေရဲထက်က သူတတ်နိုင်သလောက်လေး ပေးကမ်းနေဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဇေရဲထက်က သူ့အနားမှာ ဆယ်နှစ်တာနီးပါး စောင့်ရှောက်ပေးခဲ့တဲ့ ကူဖောင်လောင်ဖက် အစ်မတွေ ညီမတွေကို “တစ်နှစ်တခါ ပေးနေကြ ကျနော့်အပေါ ဆယ်စုနှစ်တခုနီးပါး မောင်နှမလိုတဖွယ် ပြောမနာ ဆိုမနာနဲ့ ပြုစုပေးတဲ့ ညီမ နဲ့အမ အတွက် လက်ဆောင်” ဆိုပြီး ရွှေကလစ်လေးတွေ လက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။

ဇေရဲထက်ကတော့ ပေးကမ်းခြင်းသည် အောင်မြင်ရာဆိုတဲ့စကားအတိုင်း တစ်နေ့ထက်တစ်နေ့ကို ကြီးပွားချမ်းသာလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှုကို မြင်တွေ့ရပြီးပြီ ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *