သွေးပေါင်တွေအရမ်းကျပြီး အိပ်ရာထဲလဲနေတုန်း မွေးနေ့အကြို Surprise တိုက်ခံလိုက်ရတဲ့ စိုးပြည့်သဇင်

Posted on

စိုးညီအစ်မတွေထဲက အငယ်ဆုံးလေးဖြစ်တဲ့ ပရိသတ်အချစ်တော် စိုးပြည့်သဇင်လေးရဲ့ မွေးနေ့ကတော့ လာမယ့် စက်တင်ဘာလ (၂၂) မှာပါ ပရိသတ်ကြီးရေ ..။ သူမကို ချစ်တဲ့ဖန်တွေက အမြဲလိုလို ဂရုတစိုက်နဲ့ ချစ်ခင်ပေးကြတာကိုလည်း ပရိသတ်တွေ အားလုံးသိပြီးဖြစ်မှာပါနော်။ ဒီတစ်ခေါက်မှာလည်းမွေးနေ့မတိုင်ခင် သူမကို Surprise တိုက်လိုက်ပြန်ပါပြီ ။

ဒီနေ့…စိုးပြည့်သွေးပေါင်တွေအရမ်းကျနေလို့ (၉၀/၆၀ဘဲရှိလို့)အခန်းထဲမှာအိပ်နေတုန်း ချစ်တဲ့သူများကမွေးနေ့အကြိုပျော်ရအောင်လာပေးသွားတယ် ကျေးဇူးအများကြီးတင်ပါတယ်နော် ပေးသွားတဲ့ညီမလေးတွေကို မတွေ့လိုက်နိုင်တဲ့အတွက် အားလည်းနာရပါတယ်။

တောင်းပန်ပါတယ်နော် ဘယ်သူလေးမှန်းလည်းမသိလိုက်တဲ့အတွက်…ကွန်မန့်လေးမှာပြောပြပေးပါဦးနော် ဆိုတဲ့စာသားလေးနဲ့အတူ သူမ နေမကောင်းတုန်း Surprise လာတိုက်သွားတဲ့ ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့တာဖြစ်ပါတယ် ။

စိုးပြည့်ရဲ့ချစ်ပရိသတ်တွေကလည်း သူမရဲ့မွေးနေ့အကြိုအဖြစ် မွေးနေ့ဆုမွန်ကောင်းတွေ အများကြီးပေးထားကြပါသေးတယ် ။ စိုးပြည့်ကိုချစ်ကြတဲ့ ပရိသတ်ကြီးအတွက်လည်း အပျော်တွေ မျှဝေနိုင်ဖို့ စိုးပြည့်ရတဲ့ လက်ဆောင်လေးတွေကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *