ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီး ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်လာသော အမေရိကန်လေယာဉ်တင်သင်္ဘောကြီး

Posted on

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၏ ထောက်ခံမှုမပါဘဲ အီရန်အပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူများ ချမှတ်မည်ဟူသော အမေရိကန်အစိုးရအဖွဲ့၏ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာနေစဉ် စက်တင်ဘာ ၁၈ ရက်တွင် အမေရိကန်လေယာဉ် တင်သင်္ဘောတစ်စီးသည် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ရန် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်ခဲ့သည်။

IS စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေသည့် မဟာမိတ်ညွန့်ပေါင်းအား အကူအညီပေးရန်၊ အမေရိကန်၏ မဟာမိတ်များနှင့်အတူ စစ်ရေးလေ့ကျင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် USS Nimitz လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ပွဲဝင်တပ် ဖွဲ့တစ်ဖွဲ့၊ ပဲ့ထိန်းဒုံးတပ် စစ်သင်္ဘောနှစ်စီး၊ ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘောတစ်စီးတို့ ပင်လယ်ကွေ့အတွင်း ဝင်ရောက်လာကြောင်း အမှတ် (၅) ရေတပ်က ထုတ်ပြန်သည်။Nimitz တိုက်ပွဲဝင်တပ်ဖွဲ့သည် ဇူလိုင်လကတည်းက အမှတ် (၅) ရေတပ်၏ စစ်ဆင်ရေးဧရိယာများတွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့အသင့်အနေအထားရှိမှုတွင် အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း တိုက်ပွဲဝင် တပ်ဖွဲ့၏ တပ်မှူးဖြစ်သူ ရေတပ်ဗိုလ်ချုပ်ဂျမ်ကာ့ခ်က ပြောကြားခဲ့သည်။အီရန်နိုင်ငံကို လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့်နှင့် နိုင်ငံတကာမှ အခြားသော စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် လေယာဉ်တင်သင်္ဘော ဟောမုဇ်ရေလက်ကြေားကို ဖြတ်သန်းမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“တရုတ်ရဲ့တင့်ကားတွေ ရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို ဝယ်ယူပြီး အဲ့ဒီစစ်လက်နက်ပစ္စည်းတွေကို ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ထံ ပြန်ရောင်းခြင်းကနေ အီရန်ကို တာဆီးပေးမယ့်နည်းလမ်းအတိုင်း ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ပွန်ပီယိုကဆိုသည်။စက်တင်ဘာ ၁၉ ရက်တွင် ကုလသမဂ္ဂက အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုအား လုံးကို နဂိုအတိုင်း ပြန်လည်ချမှတ်လိမ့်မည်ဖြစ်ပြီး လက်နက်ကုန်သွယ်မှုပိတ်ပင်မိန့်ကိုလည်း အစဉ်အလာအတိုင်း ချမှတ်မည်ဖြစ်သောကြောင့် အောက်တိုဘာလလယ်တွင် သက်တမ်းကုန်ဆုံးမည့် လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့်ဆိုသည်မှာ ရှိလာတော့မည် မဟုတ်ကြောင်း အမေရိကန်သမ္မတထရန့်၏ အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အမေရိကန်အနေဖြင့် ထိုသို့ပြုလုပ်ရန် အနေအထားမရှိဟု ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်အများစုက ပြောကြားနေသော်လည်း ပွန်ပီယိုကမူ အမေရိကန်အနေဖြင့် လာမည့်သီတင်းပတ်မှစ၍ အီရန်အပေါ် ကုလသမဂ္ဂ၏ပိတ်ဆို့အရေးယူမှုများကို ချမှတ်ပြဋ္ဌာန်းသွားလိမ့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်/ကုလလုံခြုံရေးကောင်စီသည် ၂၀၀၇ ခုနှစ်တွင် အီရန်အား လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအမိန့်သည် လာမည့် အောက်တိုဘာ ၁၈ ရက်တွင် သက်တမ်းကုန်တော့မည်လည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *