မြောက်ကိုရီးယားဗိုလ်ကြီးရဲ့အပြုံးထက် ချစ်သူရဲ့ပါးချိုင့်လေးက ပိုချိုတယ်ဆိုတဲ့ ခြူးလေး

Posted on

MRTV-4 ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေရင်ထဲကိုရောက်ရှိလာသူလေးကတော့ ခြူးလေးပါ ။ ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ ဗီလိန်ကာရိုက်တာဖြစ်တဲ့ စိမ်းဝါဆိုတဲ့ သူကြီးသမီးနေရာကနေ ပရိသတ်လက်ခံအားပေးလာခဲ့တာ အခုဆိုရင် ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးပြီး ပရိသတ်တွေအားပေးမှုကို အပြည့်ဝရရှိနေတဲ့မင်းသမီးလေး ဖြစ်နေပါပြီ ။ ပရိသတ်တွေအားလုံးသိတဲ့အတိုင်း Tik Tok မင်းသမီးလေးလို့ နာမည်ကြီးနေတဲ့အထိ ချစ်စရာကောင်းတဲ့ Tik tok တွေအများကြီးကို အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ အမြဲရိုက်ကူးပြီးမျှဝေပေးနေတဲ့မင်းသမီးလေး ပါ ။

မကြာသေးမီကမှ ချစ်သူနဲ့လမ်းခွဲပြတ်စဲပြီး အသည်းတွေကွဲခဲ့ရတဲ့ ခြူးလေးအတွက် ပရိသတ်တွေအားလုံးက စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် ခြူးလေးကတော့ သူမကိုယ်သူမ ပြန်လည်တည်ဆောက်ပြီး စိတ်သစ်လူသစ်နဲ့ အနုပညာအလုပ်တွေကို ပိုပြီးကြိုးစားလုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ။ သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေကို ပရိသတ်တွေက အရမ်းကိုအကြိုက်တွေ့ခဲ့ကြပြီး အားပေးမှုတွေလည်း တခဲနက်ရရှိလာခဲ့ပါတယ် ။ လတ်တလောမှာတော့ စင်ဂယ်ဘဝနဲ့အနုပညာအလုပ်တွေကြိုးစားလုပ်ဆောင်နေတဲ့ ခြူးလေးတစ်ယောက် အချစ်သစ်တွေ့နေပြီလားလို့ မေးခွန်းထုတ်စရာတွေရှိလာခဲ့ပါပြီ ။

ဗိုလ်ကြီးအပြုံး က ချိုတယ်ဆိုလို့ ကျွန်မချစ်သူရဲ့ပါးချိုင့်လေးကို ပြပြီးငြင်းလိုက်ရသေးတယ် ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာ ထက်မှာရေးသားလာခဲ့တာဖြစ်ပါတယ် ။ မအေးသောင်းကလည်း အလင်းပြပါလို့ စနောက်ထားပြီး ပရိသတ်တွေကလည်း ခြူးလေးရဲ့ ပါးချိုင့်ပိုင်ရှင်လေးကို ပရိသတ်တွေကလည်း သိချင်နေကြပါပြီ နော်

Leave a Reply

Your email address will not be published. Required fields are marked *