မြောက်ကိုရီးယားတိုက်စစ်မှူးကို ပထမဆုံးအကြိမ် ခေါ်ယူစာချုပ်လိုက်တဲ့ ဂျူဗင်တပ်

အီတလီထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ မြောက်ကိုရီးယား လူငယ်တိုက်စစ်မှူး ဟမ်ကွမ်ဆောင်း ကို ကာဂလီယာရီအသင်းကနေ ခေါ်ယူလိုက်တာဖြစ်ပါတယ်။အပြောင်းအရွှေ့ပိတ်သိမ်းခဲ့တဲ့ တနင်္လာ နေ့ကခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အသက်၂၃နှစ်အောက်လူငယ်အသင်းမှာပါဝင်ကစားစေမှာဖြစ်တယ်လို့ ဂျူဗင်တပ်အသင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက်၂၁နှစ်ရှိ တိုက်စစ်မှူး ဟမ်ကွမ်ဆောင်းဟာ ၂၀၁၅ခုနှစ်ကတည်းက ကာဂလီယာရီ အ ကယ်ဒမီအသင်းကိုရောက်ရှိနေတာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် ဧပြီလအတွင်းက ပါလာမိုအသင်းနဲ့ ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ လူစားဝင်ရောက်ကစားခဲ့ပြီး စီးရီးအေမှာပထမဆုံးကစားဖူး တဲ့ မြောက်ကိုရီးယား ကစာသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟမ်ကွမ်ဆောင်းဟာ အဲဒီရာသီမှာပဲ တိုရီနိုအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး စီးရီးအေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးမြောက် ကိုရီးယားကစာသမားအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့တာဖြစ်ပါတယ်။

ဟမ်ကွမ်ဆောင်းဟာ၂၀၁၇ခုနှစ်ကနေ ပြီးခဲ့တဲ့ရာသီအထိ စီးရီးဘီကလပ် ပါယူဂီယာအသင်းဆီကို ၂ရာ သီကြာအငှားထွက်ကစားခဲ့ပြီး စုစုပေါင်း၃၉ပွဲမှာ ၁၁ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ကာဂလီယာရီ အသင်းအတွက်တော့စုစုပေါင်း၁၂ပွဲကစားခဲ့ပြီး ၁ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဟမ်ကွမ်ဆောင်းဟာ မြောက်ကိုရီးယားလက်ရွေးစင်အသင်းအတွက်လည်း ၅ပွဲကစားပေးထားပါ တယ်။ ဂျူဗင်တပ်အသင်းဟာ ဟမ် ကို အငှားစာချုပ်နဲ့သာခေါ်ယူခဲ့တာဖြစ်ပေမယ့် ရာသီအကုန်မှာယူ ရို၅သန်းပေးချေပြီး ခေါ်ယူရမယ့် သဘောတူညီမူစာချုပ်လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဟမ်အ နေနဲ့ ယူ၂၃အသင်းအတွက်ခေါ်ယူခဲ့တာဆိုပေမယ့်လည်း အသင်းကြီးနဲ့လည်း ပူးပေါင်း လေ့ကျင့်နိုင် မှာဖြစ်တယ်လို့သိရပါတယ်။