ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျပြီးပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ထိပ်တန်းနေရာကိုအချိန်အတော်ကြာ ထိန်းထားနိုင်သူကတော့ အကယ်ဒမီမြင့်မြတ်ပဲဖြစ်ပါတယ်။ အချစ်၊ဟာသနဲ့နုနုရွရွဇာတ်ကားတွေတင်မကဘဲ အက်ရှင်ဇာတ်ကြမ်းကားတွေမှာပါ ကာရိုက်တာပီပြင်အောင်သရုပ်ဆောင်နိုင်လို့ မြန်မာနိုင်ငံရဲ့ယောက်ျားလေးပရိသတ်အများဆုံး မင်းသားလို့ဆိုရင်တောင် မှားမယ်မထင်ပါဘူးနော်။
အေးချမ်းသာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေတစ်ဖက်နဲ့ မိသားစုကိုအချိန်ပေးရင်းပျော်ရွှင်စွာ ကုန်ဆုံးဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရဟိတအလုပ်တွေနဲ့ အလှူအတန်းတွေပြုလုပ်ရာမှာလည်း ရက်ရက်ရောရောနဲ့လှူဒါန်းတတ်သူဖြစ်လို့ ပရိသတ်တွေကလည်းအချစ်ပိုကြကာ အမြဲသာဓုခေါ်ဆိုနေရတာပါ။
ဒီနေ့လေးမှာတော့ မြင့်မြတ်ကသူ့ရဲ့အနုပညာကြေးလေးတွေထဲကနေ အလှူဒါနလေးတစ်ခုပြုလုပ်ခဲ့တဲ့အကြောင်းကို “Now….သရုပ်ဆောင်အကယ်ဒမီ ကိုမြင့်မြတ်+မခင်သူအောင်၊သား…မောင်မြတ်သူမိသားစု မြောက်ဒဂုံမြို့နယ်(၃၁)ရပ်ကွက် ဆန်အိတ်များလှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော်…..”ဆိုပြီး သူ့မန်နေဂျာရဲ့လူမှုကွန်ရက်ပေါ်ကနေ ဖော်ပြလာတာပဲဖြစ်ပါတယ်။
ပရိသတ်အချစ်တော်မြင့်မြတ်ကတော့ သူပြုလုပ်ခဲ့တဲ့အလှူလေးနဲ့ပတ်သက်ပြီး သူ့ရဲ့အနယ်နယ်အရပ်ရပ်ကပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မြင့်မြတ်ရဲ့အလှူလေးကို ကြည်နူးပီတိဖြစ်မိတယ်ဆိုရင် သာဓုခေါ်ဆိုပေးသွားဖို့မမေ့နဲ့အုံးနော်