ကြော်ငြာမင်းသမီးတစ်ယောက်ရယ်လို့  ဖြစ်လာခဲ့တဲ့ အမှတ်တရပုံလေးတွေကို ပြောပြခဲ့တဲ့ ခိုင်သင်းကြည်

Posted on

သွက်လက်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချော ခိုင်သင်းကြည်က အနုပညာလောကထဲ စတင်ဝင်ရောက်လာကတည်းက သူများနဲ့မတူ ထူးခြားတဲ့ပုံစံကြောင့် ကျော်ကြားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မင်းသမီးတွေ သိပ်မကရဲကြတဲ့ ခေတ်မှာကတည်းက ခိုင်သင်းကြည်က လှုပ်လှုပ်ရှားရှားအမူအယာလေးတွေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခိုင်သင်းကြည်က သူမအနုပညာလောကထဲ ဝင်ရောက်ခါစ ကြော်ငြာတွေ ရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြထားပါတယ်။

“(၁၉၉၃)ခုနှစ်လောက်မှာ မန္တလေးဘီယာကြော်ငြာနဲ့စပေါက်သွားပြီး ကြော်ငြာမင်းသမီးအနေနဲ့ professional ဖြစ်သွားပါတယ်။ (ဒီကြော်ငြာရှေ့မှာရိုက်ခဲ့တာတွေ အများကြီးပါ။ ဒါပေမဲ့ အနုပညာကြေးဘယ်လောက်ဆိုပြီး တောင်းလို့မရခဲ့ပါဘူး။ မုန့်ဖိုး၊ မိတ်ကပ်ဖိုးလောက်ပဲရခဲ့တာပါ။” ဆိုပြီး အမှတ်တရပြောပြထားပါတယ်။

ခိုင်သင်းကြည်ကတော့ ငယ်စဉ်ကတည်းက တော်တော်ကြီးလှခဲ့တာဖြစ်ပြီး အခုအသက်အရွယ်တစ်ခုရောက်သည့်တိုင် နုပျိုနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်ရဲ့ ကြော်ငြာပုံရိပ်တွေကို ကြည့်ပြီး ငယ်ဘဝကို ပြန်လည်သတိရသွားကြမယ် ထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *