ကြော်ငြာရိုက်ကူးရင်းဆုံခဲ့ရတဲ့ ဦးလေးကြီးတစ်ယောက်အတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

Posted on

ကြော်ငြာရိုက်ကူးရင်းဆုံခဲ့ရတဲ့ ဦးလေးကြီးတစ်ယောက်အတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေးပရိသတ်အချစ်တော်လေး ဖြူဖြူထွေးကတော့ တမူထူးခြားတဲ့ဟာသစွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အနုပညာလောကမှာအချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိလာသူလေးလို့ဆိုရမှာပါနော်။အခုဆိုရင်တော့ ဖြူဖြူထွေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့ မိဘတွေကိုအလုပ်အကျွေးပြုနေတဲ့အပြင် အလှူအတန်းတွေလဲ ရက်ရက်ရောရောနဲ့ ပြုလုပ်တတ်သူလေးလဲဖြစ်ပါတယ် ။လတ်တလာမှာဖြစ်ပွားနေတဲ့ Covid-19 ရောဂါကြောင့် အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားတွေအတွက်လည်း တတ်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း ဖြူဖြူထွေးက ကြော်ငြာရိုက်ကူးရင်းဆုံခဲ့ရတဲ့ ဦးလေးတစ်ယောက်အတွက် လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ပိုက်ဆံနဲ့ မုန့်တွေကိုသွားရောက် လှူဒါန်းခဲ့ပါတယ်။ဖြူဖြူထွေးရဲ့ မွန်မြတ်လှတဲ့ အလှူလေးကတော့ ယောက်ျားရင့်မာကြီးကိုတောင် မျက်ရည်ကျစေခဲ့ပါတယ်။ဖြူဖြူထွေးကတော့“ မငိုပါနဲ့ ဖြူဖြူထွေးမြင်ချင်တာ အပြုံးလေးပါ”ဆိုပြီး ဗီဒီယိုလေးကို မျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ဖြူဖြူထွေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်။

Leave a Reply

Your email address will not be published. Required fields are marked *