လအနည်းငယ်အတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရားမဝင် ဆိုင်ဘာလှုပ်ရှားမှုတွေကနေပြီး ဘယ်လို နှောင့်ယှက်လာတာမျိုးကိုမဆို တားဆီးနိုင်ဖို့အတွက် လုပ်ဆောင်လျက် ရှိနေပါတယ်။
ဝန်ကြီးဌာနရဲ့ တရားမျှတရေးအတွက် ဆုကြေးငွေ RFJ စီမံချက်ကနေပြီး ပြည်ပအစိုးရတွေအတွက် အလုပ်လုပ်ပေးနေသူတွေရဲ့ တည်နေရာ ဒါမှမဟုတ် မည်သူမည်ဝါဆိုတာတွေကို သိရှိစေမယ့် သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ဆယ်သန်း ချီးမြှင့်မယ်လို့ ဆုကြေးထုတ်ထားပါတယ်။
ဒီ စီမံချက်ကို သံတမန်ရေးရာလုံခြုံရေးဌာနက စီမံကွပ်ကဲတာ ဖြစ်ပါတယ်။
၂၀၁၆ ရွေးကောက်ပွဲမှာ သမ္မတ ထရမ့် အနိုင်ရအောင် ရုရှက ခြေထိုးခဲ့တယ်ဆိုပြီး ဆီးနိတ်စုံစမ်းရေးကော်မတီက ဧပြီလအတွင်းမှာ ထုတ်ပြန်ဖူးပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ နိုင်ငံခြား ကြားဝင်စွက်ဖက်မှု သတင်းရသူ ဘယ်သူမဆို RFJ ရုံးဆီ ဝက်ဘ်ဆိုက်ကနေပြီး ဆက်သွယ်နိုင်သလို အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေနားက ဒေသတွင်း လုံခြုံရေးအရာရှိတွေဆီလည်း ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။
၁၉၈၄ ခုနှစ် စတင်တဲ့ RFJ စီမံချက်ဟာ အကြမ်းဖက်ဝါဒ တားဆီးရေး၊ အကြမ်းဖက်ခေါင်းဆောင်တွေကို ဖမ်းဆီးရေးနဲ့ အမေရိကန် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုကို ဖြေရှင်းရေး စတာတွေဆီ ဦးတည်စေတဲ့ သတင်းအချက်အလက် ပေးတာကြောင့် ကမ္ဘာတစ်လွှားက လူပေါင်း ၁၀၀ ကျော်ထက်မနည်းကို ဆုကြေး ဒေါ်လာ သန်း ၁၅၀ ကျော် ချီးမြှင့်ထားပါတယ်။
Rf; Sacramento
Writer_ မောင်သံဆင့် (YGN Times )