ရွှေထူးရဲ့ အလိုလိုက်၊ ဂရုစိုက်မှုတွေကြောင့် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ မင်းသမီးလေး ရွှေမှုံရတီ

Posted on

မင်းသမီးလေး ရွှေမှုံရတီကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေ သိမ်းပိုက်ရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက် (၂၁) နှစ်အရွယ်မှာ အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျခဲ့ပြီး သာယာပျော်ရွှင်တဲ့ ဘဝလေးကို အတူတူ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရွှေထူးနဲ့ ရွှေမှုံရတီကို ရွှေနှစ်ရွှေလို့တောင် တင်စားကြပြီး အားပေးချစ်ခင်ကြတာ ဖြစ်ပါတယ်။

ရွှေမှုံရတီက အိမ်ထောင်ကျတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ အလိုလိုက်ပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်မှုတွေကြောင့် တစ်နေ့ထက်တစ်နေ့ကို ပိုလှလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ရွှေမှုံရတီရဲ့ အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံရတီကတော့ ရွှေထူးကြောင့် စိတ်ချမ်းသာပြီး ပိုပိုလှလာရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *