ရွှေမှုန်ရတီ နဲ့ တူတယ်ဆိုပြီး နာမည်ကြီးလာခဲ့တဲ့ တက်သစ်စမင်းသမီးငယ်လေး

ပရိသတ်ကြီးရေ လောကကြီးမှာ လူတူမရှား နာမည်တူမရှားဆိုသလိုပါပဲ ။ အခုတစ်ခေါက်မှာလည်း ပရိသတ်တွေရဲ့ အသဲကျော် ရွှေမှုန်ရတီ နဲ့ အင်မတန်တူတယ် ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးလာတဲ့ မော်ဒယ်မင်းသမီးသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော်။ တမင်တကာ တူအောင်ပြုလုပ်ထားတဲ့ အလှမဟုတ်ပေမယ့် အမှတ်တမဲ့ဆို ရွှေမှုန်ရတီလို့ ကို ထင်မှားရလောက်အောင် တူညီနေခဲ့တာပါ ။

အဆိုပါ မင်းသမီးလေးရဲ့ နာမည် ကတော့ ရွှေရည်ဝင်းထက်စံလို့ ခေါ်ပါတယ်။ မင်းသမီးအသစ်လေးကို စတင်ပွဲထုတ်ပေးခဲ့တာကတော့ Myanmar Famous Stars Page က ဖြစ်ပါတယ်။ စကားဝါသရုပ်ဆောင်သင်တန်းဆင်းတစ်ယောက်ဖြစ်တဲ့ ရွှေရည် တစ်ယောက် မော်ဒယ်လောက နဲ့ သရုပ်ဆောင် နယ်ပယ်တွေမှာ ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

ပရိသတ်ကြီးလည်း ရွှေရည် နဲ့ ရွှေမှုန် တကယ် ရုပ်ချင်းတူမတူ မှတ်ချက်ကနေပြောပြပေးခဲ့ကြပါဦး ။

Source – Shwe Yi Win Htet San

Leave a Reply

Your email address will not be published. Required fields are marked *