ရွှေကြိုဝင်ပြိုင်နေတဲ့ သားချောလေးကို Vote ပေးပြီးဝန်းရံဖို့တောင်းဆိုလိုက်တဲ့ စိုးမိုးကြည်

Posted on

လာမယ့်မတ်လအတွင်းမှာတော့ (၂၀၁၉)ခုနှစ်အတွက်အကယ်ဒမီပေးပွဲကြီးကို ကျင်းပတော့မှာဖြစ်ပြီး အခုဆိုရင် ကနဦးကြိုတင်ပြင်ဆင်မှုတွေဖြစ်တဲ့ ရွှေကြိုရွှေးချယ်ပွဲကြီးကိုလုပ်ကိုင်နေပြီဖြစ်ပါတယ်။ဒီနှစ်ကတော့ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်တဲ့အချိန်လေးလည်း ဖြစ်တာကြောင့် အမှတ်တရလေးဖြစ်အောင်ဆိုပြီး ပါဝင်လျှောက်ထားသူတွေ အလွန်များပြားခဲ့တဲ့နှစ်လို့လည်း ဆိုရမှာပါ။လျှောက်ထားသူအယောက်(၁၀၀၀)နီးပါးအထိရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်အစည်းအရုံးအတွက် ရွေးချယ်ရအကျပ်ခဲ့ဆုံးနှစ်လို့ ဆိုရမှာပါ။

ပုံမှန်အားဖြင့် အနုပညာခရီးလမ်းကိုစတင်လျှောက်လှမ်းတော့မယ့် မျက်နှာသစ်မောင်မယ်တွေသာ လမ်းတစ်ခုအနေနဲ့ ဝင်ရောက်လျှောက်ထားကြတာဖြစ်ပြီး ဒီနှစ်မှာတော့ အတွေ့အကြုံရှိပြီးသား တက်သစ်စအနုပညာရှင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ဆွေမျိုးနီးစပ်တချို့ပါ ပါဝင်လာကြတာကြောင့် ဒိုင်တွေရွေးချယ်ရခက်ခဲခဲ့ကြပြီး နောက်ဆုံးမှာတော့ ဆန်ခါတင်အယောက်(၅၀)ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် ဒီနှစ်ရွေးချယ်ရာမှာတော့ ပထမဆုံးအကြိမ်အနေနဲ့ Voting စနစ်နဲ့ရွေးချယ်သွားမှာပါ။အဲ့ဒီအယောက်(၅၀)ထဲမှာတော့ ပရိသတ်ရဲ့အချစ်တော် စိုးမိုးကြည်ရဲ့သားလေး မင်းမြတ်ပိုင်လည်း ပါဝင်ခဲ့ပြီး Voting စနစ်ဖြစ်တာကြောင့် စိုးမိုးကြည်ကတော့ ချစ်ရတဲ့ပရိသတ်တွေကို “မစိုးမိုး ချစ်သောပရိတ်သတ်ကြီးရှင် (2020) မှာ ကျင်းပမယ့် မြန်မာ့အကယ်ဒမီ ဆုပေးပွဲကြီးအတွက်…အောက်ပါလင့်မှတဆင့်ဝင်ရောက်ပြီး သားသားမင်းမြတ်ပိုင် sk-29 ကိုvote ပေးပြီး အားပေးရွေးချယ်ပေးကြပါဦးနော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်” ဆိုပြီး အကူညီတောင်းရေးသားခဲ့ပါတယ် ပရိသတ်ကြီးရေ

စိုးမိုးကြည်ရဲ့သားလေးဖြစ်တဲ့ မင်းမြတ်ပိုင်ကတော့ အရပ် ၆ပေ ၃ လက်မရှိပြီး မြင့်မားတဲ့အရပ်ကိုပိုင်ဆိုင်ထားတဲ့အပြင် ယောက်ျားပီသတဲ့မျက်နှာကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေဝန်းရံအားပေးခြင်းခံရဦးမှာ အမှန်ပါပဲ။ယခုလက်ရှိရွေးချယ်ထားတဲ့ ရွှေကြိုမောင်မယ် အယောက်(၅၀)ကိုတော့ Voting စနစ်နဲ့ပြန်လည်ရွေးချယ်သွားမှာဖြစ်တာကြောင့် ပရိသတ်ရဲ့အချစ်တော်စိုးမိုးကြည်ရဲ့သားလေးကို ဝန်းရံအားပေးနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *