“ပြည့်စုံနေတဲ့လူတစ်ချို့လှူဒါန်းနေတာမြင်ပြီး သူမ မလှူဒါန်းနိုင်တာကြောင့်ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ပိုပို”

Posted on

ချစ်ဖူးခဲ့သမျှတေးစီးရီးလေးနဲ့ နာမည်တစ်ခုရလာခဲ့သူပိုပိုကတော့ လက်ရှိအချိန်မှာအောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ရုန်းကန်ကြိုးစားရင်း ဒီအခြေအနေအထိ ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ကိုယ်ပိုင်အိမ်လေးတစ်လုံးနဲ့ စတူဒီယိုတစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။အလှူအတန်းမပြတ်လုပ်လေ့ရှိသူ ပိုပိုကတော့ ကိုရိုနာဂယက်ကြောင့် တစ်ကမ္ဘာလုံးစီးပွားရေးအခြေအနေကျဆင်းလျက်ရှိပြီး အခြေခံလူတန်းစားအချို့ ဒုက္ခရောက်နေတဲ့အပေါ်မှာ မလှူပေးနိုင်တဲ့အကြောင်းကိုတော့ မချိတင်ကဲ စိတ်မကောင်းဖြစ်စွာ မျှဝေခဲ့ပါတယ်။

အခုကပ်ဆိုက်နေတဲ့အချိန်လးမှာ ပိုပိုကတော့”ဒီလို အချိန်မှာ စိတ်မကောင်းဖြစ်တာ တစ်ခုပဲ ကိုယ်တွေက အိမ်မှာ ခြိုးခြံချွေတာပြီး အေးဆေး နေလို့ရပေမဲ့ သာမာန် နွမ်းပါးတဲ့သူတွေက အပြင်မှာ တစ်နေ့အလုပ်လုပ်မှ တစ်နေ့ စားရမှာလေ ပြီးတော့ Mask ဆိုတာ ဘယ်ဝယ်နိုင်မလဲ ကွယ် အခြေခံ လူတန်းစား တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေ အတွက်

ဆန် တွေ ဆီတွေ လှူချင်ပေမဲ့ ကိုယ်တိုင်က အကြွေး တွေနဲ့ ကျပ်တည်းနေတာမို့ မလှူနိုင်တာ ရင်ဘတ်ထဲ မကောင်းဘူး အကြွေး လုံးဝ မရှိပဲ သိန်း၁၀၀ ရှိရင်တောင် သိန်း ၅၀ ကို ပြည်သူတွေ အတွက် ဆန် လှူမှာ အခုတော့ ရင်ထဲ ငိုချင်တယ် မလှူနိုင်လို့ ပြည်သူတွေ ကျန်းမာ ချမ်းသာကြပါစေလို့ဆုတောင်းနေပါတယ် နောက်ပြီးအစိုးရနှင့်တကွ ပိုက်ဆံရှိသူတွေ ဦးဆောင်ပြီး လှူဒါန်းနိုင်ကြပါစေ မေတ္တာတွေ မျှဝေကြပါရှင်”ဆိုကာ သူမရဲ့ဝမ်းနည်းတဲ့ခံစားချက်လးတွကို လူမှုကွန်ယက်စာမျက်နှာပ်ါမှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *