မြန်မာနိုင်ငံမှာတော့ COVID-19 ကူးစက်မှု အန္တရာယ်နဲ့ ရင်ဆိုင် နေရပါတယ်။ မတ်လ (၂၉) ရက်နေ့က သတင်း ထုတ်ပြန် ချက်အရ ဆိုရင်တော့ နောက်တိုး ကူးစက်လူနာ (၂)ယောက် တွေ့ရှိကြောင်း ကြေညာခဲ့ပါတယ်။ အခုဆိုရင်တော့ ကူးစက်လူနာ (၁၀)ဦး အထိ ရှိသွားခဲ့ပါပြီ။
ရောဂါ ကြောင့် အ33ကူအညီ လိုအပ်နေတဲ့ သူတွေကို လိုအပ်တဲ့ နေရာက နေ လိုအပ်သလို ကူညီပေးနိုင်ဖို့ ပြည်သူနဲ့ အတူ လှူကြမယ် ဆိုတဲ့ အစီအစဉ်ကို ပြု လုပ်နေပါတယ်။ဒီအစီအစဉ်မှာတော့ အနုပညာရှင် တွေ ရော ပြည်သူတွေ ပါ ပါဝင် ပေးနေကြပါတယ်။ဒီအကြောင်းကိုတော့ အဆို တော် အားတီက သူ့ရဲ့ Fb မှာ ဝေမျှ ပေးထားပါတယ်။
ဘယ် အနုပညာရှင်တွေ က ဘယ်လောက် ပါဝင် လှူဒါန်းထား ကြသလဲ ဆိုရင်တော့ အောင်ထက်က (၁၀)သန်း၊ဖွေးဖွေးက (၁၁)သိန်း၊ဖြူဖြူ ကျော်သိန်း (၁၀)သိန်း၊စမိုင်းလ် တို့ မိသားစု ကလည်း (၁၀)သိန်း၊အားတီ (၁၅)သိန်း တို့ကို ပါဝင် ကူညီ လှူဒါန်းထားပါတယ်။ထပ်ပြီး လှူဒါန်း ချင်တဲ့ သူတွေရှိရင်လည်း ပါဝင် လှူဒါန်း နိုင် ကြောင်း အားတီက ဖိတ် ခေါ် ထားပါတယ်။