ပြည်သူတွေကို အကြောက်မလွန်ကြပါနဲ့လို့  သတိပေးလာတဲ့ ဆောင်းဦးလှိုင်

Posted on

သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း သူ့ရဲ့သီချင်းတွေ နားထောင်ရင် မရိုးနိုင်တဲ့ အဆိုတော် ဆောင်းဦးလှိုင်ကတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ အသိပညာကြွယ်ဝတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်သလို ခေတ်ကြီးနဲ့ လိုက်ပြီးတော့ ဖြစ်ပျက်နေသမျှကိုလည်း ပရိသတ်တွေကို ပြောပြပေးနေကြ ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ကတော့ လက်ရှိမှာလည်း ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာတော့ ပြည်သူတွေအနေနဲ့ အကြောက်မလွန်ဖို့ အသိပညာပေးလိုက်ပြီး သူကြုံတွေ့နေရတဲ့ အဖြစ်အပျက်နဲ့ ဥပမာပြပြီးတော့ ပြောပြလိုက်တာ ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်တစ်ယောက် ဒီလိုပြောပြလိုက်တာကြောင့်လည်း တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ “ကြောက်စရာမို့ ကြောက်ပါ သတိအရမ်းထားပါ အကြောက်တော့မလွန်ကြပါနဲ့ ကူးစက်ခံရသူတွေဆက်လက်များပြားလာမှာပါ။ အရေအတွက်အလွန် မများရလေအောင် လူတိုင်း၊ မိသားစုတိုင်းသတိကြီးကြီးထားကြပါ။ ကူးစက်ခံရသူ နှစ်သိန်းကျော်သွားပြီ ဖြစ်တဲ့နိုင်ငံမှာကျွန်တော်နေပါတယ်။ အခြေအနေပိုဆိုးလာဦးမယ့်သီတင်းနှစ်ပါတ်ပြီးရင် ကူးစက်မှု၊ သေဆုံးမှု စတင်လျော့ကျသွားဖို့ မျှော်လင့်ချက်ရှိပါတယ်။

အဆိုးဆုံးအနေအထားကိုရောက်ပြီးရင် အကောင်းဖက်ကို ပြန်ဦးတည်သွားမှာပါ။ မိမိကိုယ်တိုင် ကျန်းမာရေးကောင်းရင် မိမိကိုယ်ကိုတည်ဆောက်ထားရင် အသိသတိမပြတ်ရှိနေရင် ကူးစက်မခံရနိုင်ပါ။ ကူးစက်ခံရသည့်တိုင် နေပြန်ကောင်းသွားတဲ့လူတွေ အများကြီးပါ။ မြန်မာပြည်သူပြည်သားတွေ စည်းစည်းလုံးလုံးသတ္တိရှိရှိနဲ့ ကျော်ဖြတ်သွားဖို့ဘဲလိုပါတယ်။ ကျွန်တော်နေထိုင်တဲ့မြို့လေးမှာ အမေရိကန်တွေဟာ အေးအေးဆေးဆေး သတ္တိရှိရှိ၊ သတိဝီရိယ အပြည့်နဲ့နေ့ရက်တိုင်းကို ဖြတ်သန်းနေကြပါတယ်။ ကျွန်တော်တို့အားလုံး ယုံကြည်ချက်အပြည့်ရှိတယ်။ ဒုက္ခတချို့ကိုကျော်ဖြတ်ပြီးရင် ပိုကောင်းတဲ့ လောက ကမ္ဘာကြီးကိုပြန်မြင်ရဦးမယ်။ မကြာခင်ပေါ့ ပြောရင်းဆိုရင်း နောက်တစ်ရက်ရောက်လာပြန်ပြီ။ ရှင်သန်လျက်။ အပြုံးမပျက် ဆောင်းဦးလှိုင်” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ကူးစက်မှုနှုန်းပိုများလာဖို့ ရှိပေမယ့်လည်း အဆိုးတွေပြီးရင် အကောင်းကတော့ ဖြစ်လာမှာပါဆိုပြီး ပြည်သူတိုင်းကို အကြောက်မလွန်ဖို့ ပြောထားတာကတော့ မှတ်သားစရာကောင်းလှပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *