လက်လှမ်းမီသလောက် လှူသွားမှာပါတဲ့။သူတို့နှစ်ဦးကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် ဘယ်တော့မှ လက်မနှေးတဲ့ သူ နှစ်ဦးပါ။ သရုပ်ဆောင် မြင့်မြတ်နဲ့ ယုန်လေးတို့ သူငယ်ချင်းတွေက မြန်မာနိုင်ငံမှာ Covid-19 ကြောင့် အခြေခံလူတန်းစား ပြည်သူတွေ ကျပ်တည်းနေတဲ့ အချိန်မှာ လက်လှမ်းမီသလောက် လှူဒါန်းနိုင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ တကယ်ကျပ်တည်းနေတဲ့အချိန်မှာ တတ်နိုင်သလောက် ကူညီသွားမှာပါလို့ သူက ပြောပါတယ်။
“တကယ် ဖြစ်ပြီး လူတွေကျပ်တည်းကျပြီးဆိုလည်း ကျွန်တော်တို့ တက်နိုင်သလောက်ကူမှာပါ မနေ့က မြင့်မြတ် နဲ့ ကျွန်တော် တိုင်ပင်ထားပါတယ် ။ဆန်တွေ ဆီတွေ လိုအပ်တဲ့နေရာတွေ ကျွန်တော်တို့ကိုယ်တိုင် လာလှူမှာပါ . လိုင်သာယာ . တောင်ဒဂုံ ရွှေပြည်သာ . အင်းစိန်ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့” ဆိုပြီး မတ်လ(၁၄) ရက်နေ့က ယုန်လေးရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။
ဒီအလှူကလည်း မကြာခင် ရုံတင်ပြသဖို့အတွက် ပြင်ဆင်ထားတဲ့ “အော်ရဂျင်နယ်ဂန်းစကား ၃” ဇာတ်ကားနဲ့ ဘာမှ မဆိုင်ကြောင်းကိုလည်း ပြောထားပါသေးတယ်။မြင့်မြတ်နဲ့ ယုန်လေးတို့ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တွေပါ။ အနုပညာလောကသားတွေထဲမှာ တကယ်လိုအပ်နေတဲ့သူတွေကိုလည်း အမြဲတမ်း လှူဒါန်းလေ့ ရှိတာတွေ့ ရပါတယ်။
ယုန်လေးက လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေတာပါ။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။