ရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Eminem ကိုတော့ လူတော်တော်များများကြားဖူးကြမှာပါ။ သူမတူတဲ့ Rap စာသားတွေနဲ့ Hip Hop လောကသားတိုင်း တန်းတစ်ခုပေးပြီး ဆက်ဆံရတဲ့ Rapper ကြီးတစ်ယောက်ဆိုလဲ မမှားပါဘူး။ နောက်ဆုံးထွက်ထားတဲ့ Eminem ရဲ့ Album တစ်ခုဖြစ်တဲ့ “ Music to Be Murdered By” ထွက်မယ်ဆိုတာ ကြိုတင်အသိမပေးပဲ ရုတ်တရက်ကြီး ထွက်ရှိလာခဲ့တဲ့ အယ်လ်ဘမ်တစ်ခုပဲ ဖြစ်ပါတယ်။
အခုလည်း Eminem ဟာ ၃၁ စက္ကန့်စာ ဗီဒီယိုတစ်ခုကို သူရဲ့ Instagram အကောင့်မှာ တင်ခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ Challenge တစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီ Challenge ကတော့ တစ်ခြားမဟုတ်ပါဘူး။ အဲဒီ ၃၁ စက္ကန့်စာဗီဒီယိုထဲမှာ သူဆိုခဲ့တဲ့ Flow ပုံစံကို ထပ်တူကျအောင် ဆိုပြရမှာပဲ ဖြစ်ပါတယ်။ ဒီလို ဆိုနိုင်တဲ့သူရှိရင်လည်း Video Clip တစ်ခုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်ပေးဖို့ ပြောသွားပါသေးတယ်။
အဆိုပါ သီချင်းနာမည်ကတော့ Godzilla ပဲ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ Eminem ဟာ ဒီ ၃၁ စက္ကန့်စာဗီဒီယိုထဲမှာ စာလုံးရေ ၂၂၄ လုံး ထည့်သွင်းအသုံးပြု သီဆိုသွားခဲ့ပြီး ၁ စက္ကန့်ကို စာလုံး ၇ လုံးခန့်နှုန်းနဲ့ သီဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၅၀ နား ကပ်နေပြီဖြစ်တဲ့ Eminem ဟာ ဒီ Godzilla Challenge မှာလည်း တကယ့်လူငယ်လေးတစ်ယောက်လို Rap တွေ ဖြုတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး စက္ကန့်ပိုင်းအတွင်း စကားလုံးတွေအများကြီး ရွတ်ဆိုတဲ့ rap အမျိုးအစား twist ကို အသက်ဝင်ဝင်နဲ့ လိုက်ဆိုနိုင်တဲ့လူဆိုတာ အတော်လေးကိုရှားပါတယ်။ ပရိတ်ကြီးရော Eminem ရဲ့ Godzilla rap ကို လိုက်ဆိုထားနိုင်တဲ့ ဗီဒီယိုရှိမယ်ဆိုရင် Instagram မှာ #GodzillaChallenge လို့ caption တပ်ပြီး ဗီဒီယိုလေး သွားတင်လို့ရပါပြီ။ဒါကတော့ Eminem နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ Juice WRLD တို့ရဲ့ Godzilla သီချင်းပဲဖြစ်ပါတယ်။