ပထွေး က ကိုးနှစ်ခန့် အရွယ်ကလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု အား အမှုဖွင့်အ ရေးယူထားကြောင်း ယနေ့ဧပြီ (၇) ရက် တွင် ရဲတပ် ဖွဲ့ထံမှ သိရသည်။ ဖြစ် စဉ် မှာ မတ် (၂၀) ရက် ညနေ (၃) နာရီခန့်် တွင် ဖြူးမြို့ နယ် ကျီးမနိုး ကျေးရွာအုပ်စု၊ စိမ့်ကြီးကျေး ရွာနေ အသက် (၈) နှစ် (၁၁) လအရွယ် မိန်းကလေး ငယ် သည် မိခင်ဖြစ်သူ နေအိမ်၌မရှိချိန်တွင် ၎င်းက နေအိမ်၌ရေးချိုးပြီး အဝတ်အစားများလဲနေခဲ့ရာ ပထွေးဖြစ်သူ သူရမျိုး(ခ)ဦးဇင်း(၅၆)နှစ်က ထဘီဆွဲချွတ် ပြီး ပါးစပ်ပိတ်၍ အဓမ္မပြုကျင့်ခဲ့သည်။
အလား တူ ယခင်နေ့ရက် မမှတ်မိကလည်း မိခင်ဖြစ်သူမရှိခိုက် နေအိမ်တွင်နှစ်ဦးတည်း ရှိနေချိန်တွင် နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်းကို ဧပြီ(၅)ရက်က နေအိမ်သို့ အလည်ရောက်လာသည့်အစ်မကို ပြောပြခဲ့သောကြောင့် ပထွေးဖြစ်သူအား ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့သည်။ညောင်ပင်သာ နယ်မြေရဲစခန်းက(ပ) ၄၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ ဧပြီ ၆ ရက်တွင် အမှုဖွင့်ကာ ကျူးလွန်သူ သူရမျိုး(ခ)ဦးဇင်းကို ဖမ်းဆီးအရေးယူထား သည်။