မြင်းခြံသူလေး ခဏဖြစ်ချင်လို့ ဆိုတဲ့ မြတ်သူသူ

Posted on

ပရိသတ်အချစ်တော် မင်းသမီးချောလေး မြတ်သူသုကတော့ မြင်ခြံမြို့ကိုရောက်ရှိတုန်း မြင်းခြံမြို့ရဲ့အလှတွေကြောင့် မြင်းခြံသူလေး ခဏဖြစ်ချင်တဲ့အကြောင်းကို “မြင်းခြံသူလေးခဏဖြစ်ချင်လို့ ရလား မြင်းခြံနယ်သားတွေဆို ကိုယ်ဘယ်တွေရောက်ခဲ့လဲတန်းသိမှာ” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ အလှပုံရိပ်အချို့နဲ့အတူ ဖော်ပြထားပါတယ်။

မင်းသမီးချောလေး မြတ်သူသူကတော့ ကျရာဇာတ်ရုပ်အကောင်းဆုံး ပုံဖော်နိုင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် သူပါဝင်တဲ့ဇာတ်လမ်းတွဲတိုင်က ကာရိုက်တာနာမည်ကိုပရိသတ်တွေပါးစပ်ဖျားမှာစွဲတဲ့အထိ အာပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မြတ်သူသူဟာ တို့မမနဲ့တို့ ဆိုတဲ့ ရုပ်သံဇာတ်လမ်းသစ်ကြီးမှာ နိုင်ငံကျော်အဆိုတော် ဟိန်းမင်းသူနဲ့အတူ အဓိကဇာတ်ဆောင်တွေအဖြစ်လည်း ပါဝင်သရုပ်ဆောင်နေပါတယ်။မြတ်သူသူဟာ သူ့ရဲ့အအောင်မြင်ဆုံးကာရိုက်တာတစ်ခုဖြစ်တဲ့ မြညိုလေး ဆိုတဲ့ကာရိုက်တာနာမည်လေးကိုပရိသတ်တွေက ချစ်စနိုးခေါ်ကြပြီး သူ့ရဲ့ရိုးရိုးလေးနဲ့လှတဲ့အလှတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မြတ်သူသူကတော့ မြင်းခြံမြို့ရဲ့အလှတရားတွေကြောင့် မြင်းခြံသူလေးတောင် ခဏဖြစ်ချင်မိပါတယ်တဲ့။ ပရိသတ်ကြီအတွက် မြတ်သူသူရဲ့ မြင်ခြံမြို့မှာရိုက်ကူးထားတဲ့ ရိုးရှင်းလွန်းတဲ့အလှပုံရိပ်တွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *