မြန်မာတပ်တွေ နယ်စပ်ကိုရွှေ့ပြောင်းလာတာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က ကုလလုံခြုံရေးကောင်စီကို အရေးယူပေးဖို့ တိုင်ကြား

Posted on

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပို့တဲ့စာမှာ ​​နောက်ထပ်ကြီးကြီးမားမားနယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ မြန်မာကလုပ်လာနိုင်တယ်လို့ သတိပေးထည့်သွင်းထားကြောင်းသိရပါတယ်။

Bangladesh က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့အမြန်ဆုံးအရေးယူဖို့ လိုအပ်ကြောင်း မြန်မာတပ်တွေပြန်လည်ရုပ်သိမ်းဖို့ လိုတယ် ရိုတွေအပေါ်မလိုလားအပ်တဲ့ပြဿနာတွေ ထပ်ထပ်ဖြစ်မလာအောင်တားဆီးမှဖြစ်မယ်။မြန်မာတပ်က လုံခြုံရေးအတွက်စစ်ဆင်ရေး လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုတွေကိုပစ်မှတ်ထားလာနိုင်ပါတယ်။ဒီလိုအဖြစ်တွေဖြစ်လာခဲ့ရင် မြန်မာနိုင်ငံသားတွေ ဘကုန်းကို ထပ်ပြီးစုပြုံရောက်လာမှာတွေဖြစ်လာလိမ့်မယ်လို့ဖော်ပြထားပါတယ်။

နယ်စပ်ကိုမြန်မာတပ်တွေ ရွှေ့ပြောင်းချထားလာတာကို အလွန်အမင်းစိုးရိမ်နေရပါတယ်နယူးယောက်ကုလရုံးက ဘကုန်းရဲ့အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က Aide Memoire စာရေးပြီး ကုလလုံခြုံရေးကောင်စီ UNSC president ထံကို စက်တင်ဘာလ ၁၅ရက်နေ့က အကူအညီတောင်းတိုင်ကြားလိုက်ပါတယ်။စက်တင်ဘာလ ၁၀ရက်နေ့မှာ မြန်မာရေတပ်က ထောက်ပံ့ရေးစစ်ရေယာဉ် ၄စီးဟာ အင်းဒင်ရွာရှေ့ကမ်းခြေအနီးမှာ ကျောက်ချခဲ့ပါတယ်ကျောက်ချပြီးစစ်သားတွေကို ဒေသခံ ငါးဖမ်းလှေအစီး၂၀ နဲ့ နတ်မြစ်တလျောက် နေရာချခဲ့တယ်စက်တင်ဘာလ၁၁ရက်နေ့မနက်မှာ မြန်မာစစ်တပ်ကစစ်သည် ၁၀၀၀ လောက် တပ်တွေဖြန့်ခွဲခဲ့ပါတယ်ဖြန့်ခွဲနေရာတွေထဲကနယ်စပ်မျဉ်း နဲ့အနီးဆုံးနေရာတွေဟာ ကညင်ချောင်း မင်္ဂလာကြီး ငခူရ တို့ဖြစ်တယ်စစ်တပ်တွေ လှုပ်ရှားနေတဲ့ လမ်းကြောင်းဟာ နိုင်ငံတကာနယ်စပ်မျဉ်းနဲ့ အနီးဆုံးနေရာမှာ၂၀၀မီတာ သာကွာဝေးပါတယ်မြေပြင်သတင်းများအရ တပ်တွေဟာ စက်တင်ဘာလ၁၃နဲ့၁၄ ရက်နေ့ညသန်းကောင်တွေမှာ ဂွဆုံ ရေခပ်ချောင်း ရွာတွေကို ရှင်းလင်းရေး တွေ လုပ်ခဲ့တယ်လို့ aide memoire မှာဖော်ပြခဲ့ပါတယ်။

ဘကုန်းက UNSC ကိုတင်တဲ့စာအကြောင်းဖြစ်ပါတယ် ARA ဆိုတဲ့အဖွဲသစ်တဖွဲ့ပေါ်လာတာကို ဘကုန်းက သိသိနဲ့ပူးပေါင်းရှင်းလင်းရေးလုပ်ရမှာကို သူက ဦးအောင်တိုင်ပြီးတပ်တွေပြန်ရုပ်သိမ်းခိုင်းနေတာပါ။နောက်ထပ် မြန်မာနိုင်ငံသားinflux တွေဝင်လာတော့မယ်ဆိုပြီး ဇာတ်ညွှန်းအသစ်ရေးလိုက်ပါတယ် မြန်မာတို့ဟာ Narration အားကောင်းဖို့လိုနေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *