မြန်မာလို့တောင် ခေါ်လို့ ရပါတော့မလားဗျာ။ ဒီလောက်ထိ ရုပ်ပျက် ဆင်းပျက်နဲ့ ဘုရားရှေ့မှာ ဖြစ်ပျက်နေတာ၊ ဘုရားက တာဝန်ရှိတဲ့သူတွေကလည်း ဒါမျိုးကို တားမြစ်သင့်ပါတယ်။ လူကြီးသူမတွေ၊ ရဟန်းသံဃာတွေ လာနိုင်တဲ့ နေရာမျိုးမှာ ဒီလို ဝတ်စားဆင်ယင်ပြီး ဒီလို ပို့စ်မျိုးပေးတယ်ဆိုတာ အရမ်းရုပ်ဆိုးတဲ့ အဖြစ်အပျက်ပါ။ ရေကူးကန်ပါတီတို့၊ ကလပ်တို့မှာ ဝတ်တာ အပြစ်မပြောလိုပါဘူး။
အခုဟာက တမင်သက်သက်ကို ဒီနေရာမှာ ဖော်ချင်လို့ ဘုရားပေါ်ကို အပေါ်အကျီင်္ဝတ်ပြီး တက်လာပြီးမှ ဘုရားရှေ့မှာ ဒီလို လုပ်တာ၊ မြန်မာလူမျိုးလို့တောင် ခေါ်ဖို့ မသင့်တော့်ပါဘူးဗျာ။
ပုံပါ မိန်းကလေးနဲ့ သိတဲ့သူတွေ အနေနဲ့လည်း ကြုံရင် ပြောပြပေးလိုက်ကြပါဗျာ။ ဖော်သင့်တဲ့ အခြေအနေနဲ့ မဖော်သင့်တဲ့ အခြေအနေကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိနိုင်ပါစေ ညီမလေးရေ။