မြန်မာဟာ စေတနာ နေမဝင်တဲ့ အင်ပါယာပဲလို့  ဒေါ်အောင်ဆန်းစုကြည်ပြော

Posted on

#အမေပြောတဲ့စိန်ခေါ်မှု ဒေါက်တာအောင်ငွေစံ(ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာန)မှ ပိုးတွေလူနာ(၅)ဦးအတွက် ရှိသမျှအင်အားလေးနဲ့ ကြိုးစားဆောင်ရွက်နေကြရခြင်း(စိန်ခေါ်မှု)နှင့် ဘာသာစကားနဲ့ဆက်သွယ်ရေးအခက်အခဲ(စိန်ခေါ်မှု)ကိုတင်ပြသောအခါ #အမေမှ “ဆရာပြောတဲ့ စိန်ခေါ်မှုနှစ်ခုဟာ မကျော်လွှားနိုင်တဲ့ စိန်ခေါ်မှုမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနကို အမြန်ဆုံးလုပ်ပေးဖို့ ပြောပေးပါ့မယ်။  အောင်မြင်ခြင်းတရားလေးပါး
အမေအမြဲပြောနေတဲ့ အောင်မြင်ခြင်းတရား(၄)ပါးကို ဘယ်တော့မှ မမေ့နဲ့လို့။ ဆန္ဒလည်း ရှိရမယ်။ ဆန္ဒအရ လုပ်နိုင်တဲ့ဝီရိယလည်းရှိရမယ်။ စိတ်ဓါတ်ကလည်းခိုင်မာရမယ်။ ပညာကလည်းမှန်းရမယ်။ ဆန္ဒရှိပြီး ဘာလုပ်ရမယ်မှန်းမသိဘူးဆိုရင် ဘယ်လိုပဲ စေတနာတွေ၊ ဆန္ဒ တွေရှိရှိပေါ့နော် ထိရောက်မှုမရှိနိုင်ဘူး။

အမေ့ကျေးဇူးစကား ဆရာ့ကိုလည်းကျေးဇူးတင်ပါတယ်။ အခါအချိန်မှာဆိုလို့ရှိရင် ကျန်းမာရေးဝန်ထမ်းတွေကတော့ ရှေ့တန်းကနေ Covid 19 ကို တိုက်စစ်ဆင်ပေးနေတာပဲ။ တစ်တိုင်းပြည်လုံးက အားလည်းကိုးကြပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အဲဒါကြောင့် ဆရာတို့ပင်ပန်းနေပေမယ့်လည်း ဆက်ပြီးတော့လုပ်နိုင်မယ့်အင်အားတွေကို တစ်တိုင်းပြည်လုံးက ဝိုင်းပြီးတော့ ဖြည့်ပေးမယ်ဆိုတာကိုတော့ ယုံကြည်ပေးစေချင်ပါတယ်။

#ဘာ့ကြောင့်ဘာလုပ်ရတယ်ဆိုတာကိုသိဖို့ Hakah Covid19 Response Committee မှ Volunteer အစ်မမှ ”အစိုးရမလုပ်နိုင်တာလေးတွေကို ကွက်လပ်ဖြည့်ပေးဖို့”ဆိုပြီး ပညာပေးအစီအစဉ်တွေအတွက် လိုက်လံအော်ပေးတာ၊ Social Distancing အတွက်၊ Mask တပ်ဖို့၊ အကယ်၍ Lock Down ဖြစ်ခဲ့ရင် Delivery အစီအစဉ်တွေအတွက် ကြိုတင်ပြင်ထားကြောင်းပြောတော့ #အမေက #ဘာ့ကြောင့်ဘာလုပ်ရမယ်ဆိုတာကိုနားလည်လို့ရှိရင်လူတွေကလိုက်လုပ်တတ်လို့ ပညာပေးကအရေးကြီးကြောင်း၊ ဘာသာစကားအတွက် #စေတနာ့ဝန်ထမ်းတွေရပ်ရွာပြည်သူတွကဝင်ပါမှ အားလုံးနားလည်အောင်လုပ်ပေးနိုင်မှာလို့ပြော။#မြေးတွေကိုအားကိုးတဲ့အမေ ရှင်းပြတဲ့နေရာမှာ ခလေးတွေကို အဓိကထားစေချင်တယ်။ ၂၀၀၁ လောက်တုန်းက အမေပထမဦးဆုံးချင်းပြည်နယ်ကိုလာတုန်းက၊ အမေတို့တရားဟောလို့ရှိရင် ခလေးတွေကအမြဲပဲ ရှေ့ဆုံးကနေထိုင်နားထောင်တယ်။ လျှောက်ဆော့တာတို့၊ တစ်ယောက်နဲ့တစ်ယောက်စကားပြောတာမရှိဘူး။ အာရုံစိုက်နားထောင်တယ်။ နားလည်မလည်တော့ အမေမသိဘူးပေါ့နော်။ တစ်ချို့ပညာပေးက ခလေးတွေကို ပညာပေးလိုက်ရင် သူတို့က သူတို့မိဘတွေကို ပညာပြန်ပေးတယ်။ ပိုထိရောက်တယ်။

#[email protected] ကိုယ့်အိမ်မှာကိုယ်နေရတယ်ဆိုတာ Lock Down(သော့ခတ်ထားတာနဲ့မတူဘူး)။ ကိုယ့်အတွက်လည်း လုံခြုံတယ်။ ကိုယ့်ရဲ့မိသားစုလည်း လုံခြုံတယ်။ ကိုယ့်ရပ်ကိုယ့်ရွာအတွက်လည်း လုံခြုံတယ်ဆိုတာ အဲဒါနားလည်ဖို့ပဲ။ အဲဒါနားလည်တယ်ဆိုရင် ပူပြီးတော့ ပူးပေါင်းဆောင်ရွက်မှုရှိတာပေါ့။

#နေပူစာလှုံ။ အပူရှိန်မြင့်တဲ့နေရာမှာ Covid 19 ပိုးက ကြာရှည်မခံဘူးလို့ သုတေသီတစ်ယောက်က ပြောထားတယ်။ အဲဒါကတော့ ဘယ်လောက်အထိ သေချာသလဲလို့မသိသေးဘူးပေါ့နော်။ အမေတို့ဆီမှာ အပေါဆုံးကတော့ နေပူတာပဲ။ နေပူစာလှုံဖို့ အပေးရင် ကောင်းမလားလို့။ အြဿနာတော့မဖြစ်နိုင်ဘူး။ အသားညိုသွားတာတစ်ခုပဲရှိနိုင်တယ်။ အမေတို့ ကျန်းမာရေးဝန်ကြီးဌာနကို မေးဦးမယ်(ရယ်လျှက်)။

#စိတ်ခံနိုင်ရည်ကအရေးကြီး။ စိတ်လျှော့လိုက်ပြီဆိုတာနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာမဟုတ်တော့ဘူး။ #ရောဂါပိုးတွေ့တဲ့လူနာတွေနဲ့VideoConferencingလုပ်ရမလားလို့အမေ့စိတ်ထဲမှာဖြစ်လာတယ်။ ဒီရောဂါပိုးရလာပြီဆိုရင် ဘယ်လိုနေလဲ၊ ကိုယ့်ရဲစိတ်ခံစားမှုက ဘယ်လိုအရေးပါလဲဆိုတာ၊ အဲဒါတွေကိုအများသိအောင်လို့ပေါ့။

#အသက်ရှုကြပ်တာခံမလား။ #အသက်ရှုရပ်တာခံမလား။ မြို့နယ်စီပင်သာယာရေးမှ အစ်ကိုကြီးက လူထုပညာအားနည်းမှုနဲ့ပတ်သက်ပြီး ဗဟုသုတနည်းလို့ ကြောက်ရမှန်းတော့သိတယ်။ ဘယ်လိုကာကွယ်ရမှန်းမသိဘူးဆိုတဲ့အကြောင်း၊ အသက်ရှုကြပ်လို့ Mask တွေကို အိတ်ထဲမှာ ထည့်ထားကြကြောင်းပြောတော့ #အမေက #သားကပြောရမှာပေါ့။ #အသက်ရှုကြပ်တာထက်အသက်ရှူလုံးလုံးရပ်သွားတာကပိုဆိုးတယ်လို့ (ရယ်လျှက်)။

#နေမဝင်အင်ပါယာ ကျွန်မတို့ပြည်သူတွေရဲ့ ချစ်စရာကောင်းတာက ခုလို Video Conferencing လုပ်ရင် အလှူရှင်တွေက ချက်ချင်းပေါ်လာတာပဲ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကဆိုရင် ဗြိတိသျှကိုလိုနီနိုင်ငံတွေကသိပ်များပြီး ကျယ်ပြန့်လွန်းလို့ တစ်နေရာမှာ နေဝင်ရင် တစ်နေရာက နေထွက်လာလို့ သူတို့ကိုသူတို့ နေမဝင်အင်ပါယာလို့ ခေါ်ကြတယ်။ ကျွန်မကတော့ ကျွန်မတို့နိုင်ငံကို စိတ်ထဲမှာစဉ်းစားတယ် #စေတနာအရနေမဝင်တဲ့အင်ပါယာပဲလို့။ နေမဝင်ရသေးဘူး။ လိုချင်တဲ့ပစ္စည်းတွေကို ဝိုင်းပြီးပံ့ပိုပေးဖို့ အလှူရှင်တွေကပေါ်လာတာပဲ။ ချင်းပြည်နယ်ကို ပံ့ပိုးပေးမယ့်အလှူရှင်တွေပေါ်လာမှာပါ။

#ထောင့်စုံအောင်ကျေးဇူးတင်စကားဆို အုပ်ချုပ်ရေးဆိုင်ရာကလိမ္မာရဲ့လား။ လိမ္မာတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ဘုရကျောင်းမှာ လူစုလူဝေးမလုပ်ရဘူးနော်။ ချင်းပြည်နယ်ကိုလည်း အင်မတန်မှ အားကိုးပါတယ်။ ပထမဦးဆုံးလူနာတွေ့ခဲ့တဲ့နေရာကနေပြီးတော့ ထိထိရောက်ရောက်လုပ်နိုင်တာ၊ ညီညီညွတ်ညွတ်နဲ့ ဝိုင်းရုန်းကန်ကြလို့ ဒီစိန်ခေါ်မှုကြီးကိုကျော်လွှားနိုင်မယ်ဆိုလို့ရှိရင် တစ်တိုင်းပြည်လုံးအတွက် အင်မတန်မှ အားရစရာဖြစ်ပါတယ်။ဝိုင်းပြီးလုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရော၊ အုပ်ချုပ်ရေးဆိုင်ရာတွေရော၊ စေတနာ့ဝန်ထမ်းတွေရော၊ ပြည်သူတွေရော အားလုံးကိုကျေးဇူးတင်တယ်လိုပြောပါရစေ။ အားလုံးကျန်းမာ ချမ်းသာ ကြပါစေ၊ ဘေးအန္တရာယ်ခပ်သိမ်းမှကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါစေ။

#ဒီနေ့မြန်မာ့ကျန်းမာရေး (၂၃-၃-၂၀၂၀)ရက်နေ့မှ (၂၄-၄-၂၀၂၀)ရက်နေ့၊ ည (၁၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၃၉) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ #မြန်မာပြည်ကြီးဘေးကင်းပါစေ။ #ကမ္ဘာကြီးကျန်းမာပါစေ။

Mother Suu (Chairperson of the National Level Central Committee on Prevention, Control and Treatment of COVID-19) held a video conferencing meeting with people involved in fight against Covid 19 in Chin State on today 24th April,2020. စာကြွင်း။ ။မအားမလပ်တဲ့ကြားက သိစေချင်လို့ ရေးတင်ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *