မြန်မာအကကို ကြည်ရှုသူတွေ မျက်နှာမလွှဲချင်အောင် ကပြတတ်မှုကြောင့် နာမည်ကြီးနေတဲ့ ဆရာမလေးရဲ့ အကအလှဗွီဒီယိုဖိုင်လေး

Posted on

တိုင်းတစ်ပါးယဉ်ကျေးမှုတွေ အများဆုံးစိမ့်ဝင်လာတဲ့ နှစ်ဆယ့်တစ်ရာစုခေတ်ကြီးထဲမှာ ခေတ်ပေါ်အကတွေကို စိတ်ဝင်တစားသင်ယူနေသူတွေများလာပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို စိတ်ဝင်တစားသင်ယူမယ့်သူတွေကတော့ တဖြည်းဖြည်းရှားလာပြီလို့ ဆိုရမှာပါ။

ဒါပေမယ့် ခေတ်သစ်ပညာရေးစနစ်အရ အခြေခံပညာကျောင်းတွေမှာ အခြေခံကဗျာလွတ်အကနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို သင်ကြားဖို့ သတ်မှတ်လိုက်တာကတော့ တကယ်ကို ဝမ်းသာစရာပါ။ မြန်မာအကကို တကယ်တတ်ကျွမ်းလိမ္မာစွာ ကတတ်သူတွေရှားလာတဲ့ ခေတ်ကြီးထဲမှာတော့ လတ်တလောလူမှုကွန်ရက်ပေါ်မှာ မြန်မာအကတွေနဲ့ နာမည်ကြီးလာသူကတော့ ဆရာမခိုင်မာလွင်ပါ။

ဆရာမခိုင်မာလွင်ကတော့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်က ဆရာမတစ်ဦးဖြစ်ပြီး မြန်မာရိုးရာအကဗွီဒီယိုလေးရိုက်ကာ လူမှုကွန်ရက်မှာ မျှဝေလေ့ရှိသူပါ။ မြန်မာအကဆို ပျင်းစရာကြီးလို့ သတ်မှတ်ထားကြသူတွေတောင် ဆရာမရဲ့ အချိုးအစားကျကျ ကတတ်မှု၊ မျက်နှာအမူအရာလေးတွေကြောင့် ကြည့်ရှုသူတော်တော်များများ သဘောကျကာ ဝန်းရံအားပေးမှုရရှိခဲ့တယ်လို့ ဆိုရမှာပါ ပရိသတ်ကြီးရေ မြန်မာအကတွေကို တန်ဖိုးထားလေးစားသလို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပြန်လည်မျှဝေပေးနေတဲ့ ဆရာမခိုင်မာလွင်ရဲ့ ကြည့်ရှုသူ တစ်သန်းနီးပါးအားပေးခဲ့တဲ့ အကဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *