မြန်မာငွေသိန်းလေးရာကျော်တန်တဲ့ ကျောက်စိမ်းလက်ကောက်ကို မတော်တဆ ချိုးမိတဲ့ ကမ္ဘာလှည့်ခရီးသည် ဈေးနှုန်းသိလိုက်ပြီးမှာ မေ့လဲသွား

Posted on

စတိုးဆိုင်က တန်ဖိုးကြီး ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ရှုမယ်ဆိုရင် သတိထားပြီး ကိုင်တွယ်ကြည့်ရှုတာက အကောင်းဆုံးပါပဲ။ ကိုယ့်ကြောင့် ပစ္စည်း ပျက်စီးသွားမှာကို လိုလားမှာ မဟုတ်သလို အထူးသဖြင့်တော့ ကိုယ် ဈေးနှုန်းမတတ်နိုင်တဲ့ ပစ္စည်း ပျက်စီးသွားမှာ ပိုလိုတောင် အဖြစ်ခံချင်မှာ မဟုတ်ပါဘူး။ဖြစ်ရပ်တစ်ခုကို ကြည့်ရအောင်ပါ။ တရုတ်နိုင်ငံမှာ တိုးရစ်ဧည့်သည်အမျိုးသမီးတစ်ဦးဟာ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို သူ့အမှားကြောင့် မတော်မဆ ကျိုးပျက်ခဲ့ရာမှာ လက်ကောက်ဈေးနှုန်းကို ကြားလိုက်တဲ့အခါမှာတော့ မူးမေ့လဲကျသွားတော့ပါတယ်။အဲဒီအမျိုးသမီးဟာ ယူနန်ပြည်နယ် ရွှေလီမြို့က ကျောက်စိမ်းဈေးကွက်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် ဖြစ်ကြောာင်း Daily Mail က ဖော်ပြပါတယ်။

ဒီ အမျိုးသမီးဟာ အဲဒီ ကျောက်စိမ်းလက်ကောက်ကို ကောက်ယူကြည့်ချိန် လက်ထဲက လွတ်ကျပြီး ကြမ်းပြင်ပေါ် ပြုတ်ကျရာမှာ နှစ်ပိုင်းကျိုးသွားတော့တာ ဖြစ်ပါတယ်။လမ်းသွားလမ်းလာတွေကတော့ အမျိုးသမီးကို ချွေးသိပ်ဖြေသိမ့်ပေးပေမယ့် အမျိုးသမီးဟာ မျက်နှာသွေးဆုတ်လာပြီး သတိလစ်မေ့မျောသွားတော့တာ ဖြစ်ပါတယ်။ သူ့ မိသားစုတွေက အမျိုးသမီးကို ကြမ်းပေါ် လှဲသိပ်ပြီး ပြုစုမှ သတိရလာတော့တာပါ။

အမျိုးသမီးရဲ့ မိသားစုတွေဟာ ဆိုင်ပိုင်ရှင်ကို လက်ကောက် ပျက်စီးသွားတဲ့အတွက် ယွမ်ငွေ ခုနစ်သောင်း လျော်ကြေးပေးဖို့ တောင်းပန်ပေမယ့် ပိုင်ရှင်ကတော့ လက်မခံကြောင်း မျက်မြင်တွေက ပြောပါတယ်။ဘာကြောင့်လည်းဆိုတော့ နှစ်ပိုင်းကျိုးသွားတဲ့ ကျောက်စိမ်းလက်ကောက်ဟာ ယွမ် တစ်သိန်းရှစ်သောင်း အနည်းဆုံးတန်တဲ့ လက်ကောက်ဖြစ်တာကြောင့် ပေးတဲ့ငွေက သိပ်နည်းလွန်းလို့ လက်မခံတာ ဖြစ်ပါတယ်။နောက်ဆုံးမှာတော့ အမျိုးသမီးရဲ့ မိသားစုဟာ ဘာမှ မတတ်နိုင်ဘဲ ပိုင်ရှင်တောင်းသလောက် ပေးလိုက်ရတော့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *