မြန်မာတွေ အရမ်းရိုင်းတယ်လို့ ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on

မြန်မာနိုင်ငံရဲ့ထိပ်တန်းမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေကြားမှာ အထူးရေပန်းစားနေတဲ့ ဆက် စီ မော်ဒယ်လ်တစ်ယောက်ပဲဖြစ်ပါတယ် ။ သူမရဲ့ အမိုက်စား ဆက်စီကျကျ ဖက်ရှင်တွေကြောင့် ပရိသတ်တွေ အမြဲလိုလို ဟင်ခနဲဟာခနဲ ဖြစ်စေတဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပြီး ဝေဖန်တိုက်ခိုက်သူတွေကို နည်းနည်းမှ ဂရုမစိုက်ဘဲ သူမအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်လို့တောင်ဆိုရမှာပါ ။

လတ်တလောမှာတော့ သင်ဇာက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရည်းစားဟောင်းဆီ သူမရဲ့ အဝတ်ဗလာနဲ့ပုံရိပ်အချို့ကို မြန်မာတစ်ယောက်ကပို့ခဲ့တဲ့ကြောင်းရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ မြန်မာလူမျိုးတချို့ရဲ့စိတ်ဓာတ်လေးတွေအတော့်ကိုဆိုးရွားနေပါလား… speechless ပဲ ပြတ်သွားတဲ့ ex တောင်အေးဆေးမနေရရှာဘူး… သူ့ဆီတောင်သွားပို့တာနော်… ဒါသက်သက် မခန့်တာ ဆိုတဲ့စာသားနဲ့အတူ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။ သူမဟာ ဆက်စီမော်ဒယ် တစ်ယောက်ဖြစ်တဲ့အပြင် အမြဲလိုလို အလန်းစား အမိုက်စား ဖက်ရှင်တွေနဲ့ လှပနေတဲ့သူဖြစ်ပြီး အခုသူမရဲ့ ရည်းစားဟောင်းဆီပို့လိုက်တဲ့ ပုံတွေကလည်း သူမ အဝတ်လဲခန်းက ပုံရိပ်အချို့သာဖြစ်ပါတယ် ။


ပရိသတ်တွေကတော့ ဒီလိုလူတွေကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်သာကိုယ်ဆက်လုပ်ပါ လို့အားပေးစကားတွေပြောထားကြတာတွေ့ရပါတယ် ။ တချို့သော မြန်မာလူမျိုးတွေရဲ့ သေးသိမ်ညံ့ဖျင်းတဲ့ လုပ်ရပ်တွေကတော့ တကယ်ကိုအရှက်ရစရာပါပဲ ပရိသတ်ကြီးရေ..။ သင်ဇာကိုချစ်တဲ့ ပရိသတ်ကြီးကလည်း သင်ဇာအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော် ။

Leave a Reply

Your email address will not be published. Required fields are marked *